ဆူးနဲ့အလုပ်တွဲလုပ်လိုပါက ကြေငြာကြေးပေးစရာမလိုပဲ အောက်ဆီဂျင်အိုးသာ လှူဒါန်းပေးရမယ်လို့ မိတ်ကပ်ဆူးအွန်လိုင်းကတစ်ဆင့်ကြေညာ

7-7-2021-yyl-36.jpg

လုပ်ငန်းရှင်တွေအနေနဲ့ ကြေငြာရိုက်ဖို့ပဲဖြစ်ဖြစ်၊ Live လွှင့်ဈေးရောင်းဖို့ပဲဖြစ်ဖြစ် ဆူးနဲ့အလုပ်တွဲလုပ်လိုပါက ကြေငြာကြေးပေးစရာမလိုပါပဲ အောက်ဆီဂျင်အိုးသာ လှူဒါန်းပေးဖို့လိုတယ်လို့ မိတ်ကပ်ဆူးက အွန်လိုင်းကတစ်ဆင့်ကြေညာလိုက်ပါတယ်။

“ကျမ Fb အကောင့် ပြန်ပွင့်တဲ့အချိန်မှာ Live လွှင့်ဈေးရောင်းပေးပါ့မယ်။ (၁) နာရီကို အောက်စီဂျင် (၁) အိုး ငှါးတဲ့သူက လှူပေးရပါမယ်။ ကျမကို တကျပ်မှ ပေးစရာ မလိုပါဘူးရှင်။ (၂) နာရီ ငှါးရင် (၂) အိုး လှူပေးရပါမယ်။ Photo ကြော်ငြာတခုကို အောက်စီ ဂျင် (၅) အိုး လှူပေးရပါမယ်။ ဘာကြော်ငြာပဲ ရိုက်ရိုက် Post တင်ပီး ကြော်ငြာပေးတာပဲ ဖြစ်ဖြစ် အောက်စီဂျင်အိုးနဲ့ လှူပီး လက်ခံပေးပါတယ်။ (၁၀) Live ပဲ လက်ခံ ပါမယ်။ပြည်သူတွေအတွက် နိုင်တဲ့ဘက်က တာဝန်ထမ်းဆောင်ပေးပါ့မယ်။” လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မိတ်ကပ်ဆူးရဲ့လူမှုကွန်ယက်စာမျက်နှာ

Photo- Ma Ma Sue
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top