MPT မှ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ ဘိုးဘွားရိပ်သာ (၂၄) ခု သို့ ဂါရဝပြု လှူဒါန်းမှုများ ဆောင်ရွက်

2.11.23-yyl-15.jpg

MPT သည် သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး /ပြည်နယ် (၁၈) ခုမှ ဘိုးဘွားရိပ်သာ (၂၄) ခု နှင့် အခြားလိုအပ်သောနေရာများသို့ အောက်တိုဘာလ (၂၃) ရက်မှ (၂၆) ရက်အထိ နိုင်ငံတစ်ဝန်း လှူဒါန်းမှုများကို ဆောင်ရွက်ခဲ့သည်။

MPT အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ဓလေ့ထုံးတမ်းကို တန်ဖိုးထား ထိန်းသိမ်းခြင်းနှင့်အတူ မြန်မာကျပ်ငွေ သိန်း (၃၀၀) တန်ဖိုးရှိ မရှိမဖြစ် လိုအပ်သော အခြေခံစားသောက်ကုန်များ၊ တစ်နေ့စာ အာဟာရအလှူများနှင့် လှူဒါန်းငွေများကို MPT သုံးစွဲသူများ ကိုယ်စား လှူဒါန်းမှုပြုလုပ်ခဲ့သည်။ ထို့အပြင် သက်ကြီးရွယ်အိုများ အဆင်ပြေစေရန်အတွက် လိုအပ်သည့် မျက်နှာသုတ်ပုဝါ များကိုလည်း လှူဒါန်းခဲ့သည်။ သီတင်းကျွတ်ကာလ လှူဒါန်းမှု လုပ်ငန်းစဉ် တစ်ခုလုံးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ သက်ဆိုင်ရာနေရာဌာန အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီးနှင့် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ အောက်ဆီဂျင်ထုတ်သည့်စက် (၁၀) လုံးကို သီတင်းကျွတ်ကာလအတွင်း လှူဒါန်းခဲ့ပါသည်။

“ ဒီလိုလှူဒါန်းမှုကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ ဘိုးဘွားတွေအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လေးစားမှုကို ဖော်ပြနိုင်ပြီး ဘိုးဘွားတွေကို ရွှင်လန်းဝမ်းမြောက်စေဖို့ မျှော်လင့်ပါတယ်။ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ငွေကျပ်သိန်း (၃၀၀) လှူဒါန်းခဲ့ပြီး ယခုအချိန်အထိ လူမှုအကျိုးပြုလုပ်ငန်းတွေရဲ့ မတူညီတဲ့ကဏ္ဍတွေကတစ်ဆင့် မြန်မာ့လူမှုအသိုက်အဝန်းတွေအတွက် မြန်မာကျပ်ငွေ သန်းပေါင်း (၂၆,၀၀၀) ကျော် သုံးစွဲဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေ သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်စေဖို့ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ သီတင်းကျွတ် အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ သီတင်းကျွတ်အခါသမယလေးမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က ပြောသည်။

MPTအနေဖြင့် ၎င်း၏ တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တို့တွင် အခမဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ နှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ ပံ့ပိုးပေးခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးပေးခဲ့ပါသည်။

MPT ကို အစဉ်တစိုက် သုံးစွဲသူများ၏ အကူအညီနှင့် အားပေးမှုကြောင့်သာ ယခုကဲ့သို့ လှူဒါန်းမှုများကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။

MPT အနေဖြင့် ယခုလို မတူညီသောကဏ္ဍများအတွက် လူမှုအကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုကို ကျေးဇူးအထူးတင်ရှိပြီး MPT က လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top