Ooredoo VIP ၏ ရွှေအိုးထဲမှာရွေဒင်္ဂါးရှာ အစီအစဉ်တွင် ကံထူးရှင်သုံးဦးမှ ရွှေအပြည့်ဖြင့် ရွေအိုးကြီးများအား ကံထူးဆွတ်ခူး

3-Winners-of-Gold-Pot.jpg

Ooredoo VIP မှ ရွှေအိုးထဲမှာ ရွေဒင်္ဂါးရှာအစီအစဉ်၏ တတိယမြောက်ရွှေအိုး အထူးဆုကံထူးရှင်ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာလိုက်ပါသည်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ ကိုဝဏ္ဍထွန်းသည် ဖုန်းငွေဖြည့်ခဲ့ပြီး My Ooredoo App ပေါ်တွင် ရွှေအိုးရွေးချယ်ခြင်းကို ၄ ကြိမ် ကံစမ်းခဲ့ရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ကျင်းပသည့် ရွေဒင်္ဂါးအပြား၆၀ ပါဝင်သည့် VIP အထူးဆုကြီး ကံထူးရှင်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပါသည်။ ၎င်းအထူးဆုကြီးမတိုင်မီကလဲ ကိုဝဏ္ဍထွန်းသည် ဆုပေါင်းများစွာကို ကံထူးခဲ့ပြီး Ooredoo VIP အစီအစဉ်တွင်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး တက်ကြွစွာပါဝင် ဆင်နွှဲနေခဲ့တာ ဖြစ်ပါသည်။

ရွှေအိုးထဲမှာရွေဒင်္ဂါးရှာ အစီအစဉ်သည် အူရီဒူးသုံးစွဲသူများ အားလုံးအတွက် VIP အစီအစဉ်မှ စိတ်လှုပ်ရှား စရာကောင်းသည် ပရိုမိုးရှင်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖုန်းငွေဖြည့်မှုတိုင်းက သုံးစွဲသူအတွက် ကံထူးစေမည့် ဆုလက်ဆောင် ကုတ်တစ်ခုကို ပေးအပ်ပြီး ၎င်းကုတ်ကိုအသုံးပြုပြီး သုံးစွဲသူများသည့် My Ooredoo App ပေါ်တွင် ရွှေအိုး ရွေးချယ်မ၍ကို ကံစမ်းနိုင်ပြီး ဆုပေါင်းများစွာဖြစ်သည့် ရွေဒင်္ဂါးပြားများ၊ ၁၀၀ GB ဒေတာ၊ VIP ရမှတ်များနှင့် ဆုပေါင်းများစွာကို ကံစမ်းခြင်းဖြင့် ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ထိုမျှမက ကံစမ်းမှုတစ်ခုချင်းစီအတွက် လစဉ် ရွှေအိုးအထူးဆုကြီးကို ကံစမ်းနိုင်ရန် လက်မှတ်တစ်စောင်စီကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

သုံးစွဲသူများအား အံ့အားသင့်ပျော်ရွင်စေရန် အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တိုင်အောင် တိုးမြှင့်ပေးလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အူရီဒူးသုံးစွဲသူများ အနေဖြင့် *565# ကို ဖုန်းခေါ်ဆို၍ (သို့မဟုတ်) Google PlayStore / Apple App Store တို့မှ My Ooredoo App ကို ဒေါင်းလုတ်ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ ရွှေအိုးထဲမှာရွေဒင်္ဂါးရှာ အစီအစဉ်ရဲ့ လစဉ်အထူးဆုကြီး ကံထူးရှင် ၃ ဦးစလုံးကိုရော မြန်မာနိုင်ငံအနှံ့အပြားက နေ့စဉ်ရွှေဒင်္ဂါးဆုအတွက် ကံထူးရှင်းပေါင်း ၃၀၀ နီးပါးအတွက်ကိုပါ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ အူရီဒူးရဲ့ ဝန်ဆောင်မှုကို အမြဲတမ်းသုံးစွဲသူအားလုံးကို ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်မှာ စိတ်အားထက်သန်စွာ ပါဝင်ကြပြီး ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို အသုံးပြုလာကြတာတွေ့ကို တွေ့ရတာက ကျွန်တော်တို့ကို ဆန်းသစ်တီထွင် ဖန်တီးမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး အူရီဒူးသုံးစွဲသူတွေ အားလုံးအတွက် ကောင်းမွန်ထူးကဲတဲ့ VIP အတွေ့အကြုံတွေကို ဆက်လက်ပေးအပ်သွားဖို့ တိုက်တွန်းအားပေးလိုက်တာပဲ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောကြားလိုက်ပါသည်။

အူရီဒူးသုံးစွဲသူတွေအတွက် နိုဝင်ဘာလ ၃၀ ရက်မှာ မဲနှိုက်ရွေးချယ်မည့် ရွေဒင်္ဂါးပြား၂၀ ပါဝင်သည့် နောက်ထပ်အံ့အားသင့်စရာ ရွေအိုးကြီးတစ်လုံး ကျန်လျှက်ရှိနေပါသေးသည်။ အူရီဒူးသုံ;စွဲသူတွေအားလုံးအနေဖြင့် ဆုပေါင်းများစွာဖြစ်တဲ့ ရွေဒင်္ဂါးပြားများ၊ ၁၀၀ GB ဒေတာ၊ VIP ရမှတ်များနှင့် ဆုပေါင်းများစွာကို ကံစမ်းပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ရှိပါသည်။ ယခုကဲ့သို့ ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် ဖုန်းဘီလ်ဖြည့်သွင်းပြီး ရရှိလာသည့် ကံထူးဆုအတွက်ကုတ်ကို My Ooredoo App တွင် ထည့်သွင်း ကံစမ်းရုံသာ ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top