ပရူဒန်ရှယ်အာမခံက အာမခံထားရှိသူများ၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်များအလိုက် စိတ်တိုင်းကျရွေးချယ်နိုင်မည့် PRUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15.11.23-yyl-11.jpg

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က တစ်ဦးတစ်ယောက်ချင်းအတွက်သော်လည်းကောင်း၊ ကုမ္ပဏီများ (သို့မဟုတ်) လူအဖွဲ့လိုက်သော်လည်းကောင်း လိုအပ်ချက်အလိုက် အဆင်ပြေစွာ ရွေးချယ်ဝယ်ယူနိုင်မည့် အသက်အာမခံ အစီအစဉ်များကို မိတ်ဆက်လိုက်ပါသည်။ ယခု PRUFlexiprotect အသက်အာမခံအစီအစဉ်များတွင် customer များ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အာမခံအကာအကွယ်အစီအစဉ်များကို မိမိကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ခြင်းကြောင့် အာမခံထားရှိသူများသည် သေဆုံးခြင်း (သို့မဟုတ်) အပြင်းအထန်နာမကျန်းဖြစ်ခြင်းများ ကြုံတွေ့လာရသည့်အခါ မိမိတို့ချစ်ခင်သူများအတွက် ငွေကြေးပိုင်းဆိုင်ရာ အကာအကွယ်ပေးထားနိုင်မည်ဖြစ်ပြီး စိတ်လုံခြုံအေးချမ်းမှု ရရှိနိုင်မည်ဖြစ်သည်။

PRUFlexiprotect အသက်အာမခံအစီအစဉ်များ၏ အခြေခံအာမခံအစီအစဉ်တွင် အာမခံပေါ်လစီဝယ်ယူထားသူ ကွယ်လွန်သည့်အခါ အာမခံငွေကြေးကို ပံ့ပိုးပေးမည့်အပြင် ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်များအရ အာမခံငွေကြေးများထပ်တိုးရရှိနိုင်မည်ဖြစ်သည်။ ဥပမာဆိုရလျှင် ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်များကို အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်အနေဖြင့် အာမခံပေါ်လစီကိုင်ဆောင်ထားသူသည် အာမခံတွင်အကျုံးဝင်သည့် အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါတစ်မျိုးမျိုးခံစားရပါက တစ်ပေါင်းတည်းပေးသော အာမခံအကျိုးခံစားခွင့်ကို ရရှိနိုင်မည်ဖြစ်သည်။

ပရူဒန်ရှယ်အာမခံသည် အပြင်းအထန်နာမကျန်းဖြစ်ခြင်း ကနဦးအဆင့်တွင်ပင် ဈေးကွက်တွင်းရှိ အာမခံခံစားခွင့်ပေးသည့် ပထမဆုံး အာမခံလုပ်ငန်းဖြစ်သည်။ အဆိုပါအစီအစဉ်သည် အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် ရောဂါအစောပိုင်းကာလကုသမှုတွင် အကျိုးခံစားခွင့်အဖြစ် အာမခံထားရှိငွေ၏ (၂၅) ရာခိုင်နှုန်းပေးအပ်မည်ဖြစ်သည်။ ရောဂါနှောင်းပိုင်းကာလကုသမှုအတွက် အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်းမှ အစောပိုင်းကာလအတွက် ရယူပြီးဖြစ်သည့် (၂၅) ရာခိုင်နှုန်းကို နှုတ်ယူပြီးတန်ဖိုးကို ပေးအပ်မည်ဖြစ်သည်။

အခြားထပ်ဆောင်း အကျိုးခံစားခွင့်တစ်ရပ်မှာ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ဖြစ်ပြီး အာမခံပေါ်လစီကိုင်ဆောင်ထားသူသည် မတော်တဆမှုတစ်ခုအတွင်း အသက်ဆုံးရှုံးခဲ့ပါက တစ်ပေါင်းတည်းပေးသော အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။ မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်မှာ အာမခံပေါ်လစီကိုင်ဆောင်ထားသူသည် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ သေဆုံးခဲ့ပါက မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက်ရရှိမည့် အကျိုးခံစားခွင့်မှ နစ်နာကြေးပမာဏ၏ နှစ်ဆကို ရရှိမည်ဖြစ်သည်။

“ကိုယ့်အနာဂတ်ကို ယုံကြည်ချက်ရှိရှိပုံဖော်နိုင်ဖို့နဲ့ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက် ငွေကြေးအထောက်အပံ့ရရှိနေစေဖို့ အသက်အာမခံအကာအကွယ်က အရေးကြီးတဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။ အာမခံထားရှိသူ customer များရဲ့ လိုအပ်ချက်တွေက မတူညီကွဲပြားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ပရူဒန်ရှယ်အာမခံက သိရှိနားလည်ထားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေရှိမယ့်အသက်အာမခံပေါ်လစီကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် PRUFlexiprotect အသက်အာမခံအစီအစဉ်များကို customer တွေအတွက် အခုလို ယူဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်” ဟု ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း က ပြောကြားခဲ့ပါသည်။

PRUFlexiprotect အသက်အာမခံအစီအစဉ်များ
PRUFlexiprotect အသက်အာမခံအစီအစဉ်များအနက် တစ်ဦးတစ်ယောက်ချင်းအနေနှင့် ဝယ်ယူနိုင်မည့် အသက်အာမခံအစီအစဉ် (၁) မျိုးနှင့် အဖွဲ့လိုက် ဝယ်ယူနိုင်မည့် အသက်အာမခံအစီအစဉ် (၂) မျိုးကို ကနဦး စတင်မိတ်ဆက်လိုက်သည်။

တစ်ဦးတစ်ယောက်ချင်းအနေဖြင့် အသက်အာမခံဝယ်ယူမည့်သူများအတွက် PRUFlexiprotect PLUS တွင် အာမခံအကာအကွယ်အစီအစဉ်၊ အာမခံထားမည့် ကာလ၊ အာမခံထားလိုသည့် ပမာဏများကို လိုအပ်ချက်အလိုက် ရွေးချယ်နိုင်ခွင့်ပေးထားသည်။ အထူးသဖြင့် အာမခံကာလသက်တမ်းကုန်ဆုံးသည့်အချိန်တွင် ပေးသွင်းထားသော ပရီမီယံကြေးအပြည့်အဝအား ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ အာမခံသက်တမ်းကာလကို (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ်အထိရွေးချယ်နိုင်ပြီး ပရီမီယံကြေးကို နှစ်စဉ်၊ တစ်နှစ် နှစ်ခါ ၊ သုံးလတစ်ခါ သို့မဟုတ် လစဉ် ပေးသွင်းနိုင်သည်။ အာမခံထားရှိသူသည် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်သည့်ကိစ္စ တစ်စုံတရာကြုံတွေ့ခြင်းမရှိပါက အာမခံကာလပြီးဆုံးသွားတိုင်း ပေးသွင်းထားသည့် ပရီမီယံကြေး၏ (၁၀၃) ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကို ရရှိမည်ဖြစ်သည်။

ကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်း (သို့မဟုတ်) ငွေချေးသူအုပ်စု စသည့် အဖွဲ့လိုက် အသက်အာမခံဝယ်ယူရာတွင် အနည်းဆုံးအဖွဲ့ဝင် (၅) ဦး ပါဝင်ရမည်ဖြစ်သည်။ PRUFlexiprotect 1 သည် သေဆုံးမှုအတွက်အကျိုးခံစားခွင့်ပေးသည့် တစ်နှစ်ကြာသက်တမ်းရှိ အာမခံပေါ်လစီဖြစ်ပြီး အာမခံထားရှိသူ၏ ချစ်ခင်ရသူများအတွက် ငွေကြေးဖူလုံမှုကို လုံခြုံစိတ်ချရစေမည့် အစီအစဉ်ဖြစ်သည်။

အဖွဲ့လိုက်အသက်အာမခံဝယ်ယူမည့်သူများအတွက် ထပ်မံရွေးချယ်ဝယ်ယူနိုင်မည့် ‌အာမခံအစီအစဉ်တစ်ခုမှာ အာမခံရယူထားသည့် ဝန်ထမ်းတစ်ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါတစ်မျိုးမျိုး ခံစားလာရပါက ငွေကြေးထောက်ပံ့မှုပေးနိုင်မည့် အာမခံအကာအကွယ် PRUFlexiprotect CI 1 ဖြစ်ပါသည်။ ဤအာမခံအစီအစဉ်သည် အာမခံထားရှိသူများနှင့် ၎င်းတို့၏ချစ်ခင်ရသူများအား ပြင်းထန်ရောဂါကုသမှု၏ ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးမှ သက်သာရာရစေရန် သေချာစေပြီး တစ်နှစ်ကြာ အာမခံပေါ်လစီသက်တမ်းရှိပါသည်။ ထို့အပြင် အာမခံထားရှိသူ ဆေးကုသမှုခံယူနေစဉ်အတွင်း ဝင်ငွေရရှိမှုထိခိုက်နိုင်သည့်အခြေအနေကို သက်သာစေရန် ကာကွယ်ပေးနိုင်ပါသည်။
PRUFlexiprotect အသက်အာမခံအစီအစဉ်များကို လိုအပ်ချက်အလိုက် ထပ်ဆောင်းအကျိုးခံစားခွင့်များကို သတ်မှတ်ဝယ်ယူနိုင်ပါသည်။

ပိုမိုကောင်းမွန်သော ကာကွယ်မှုအတွက် customer များရွေးချယ်ထားသော PRUFlexiprotect အသက်အာမခံအစီအစဉ်များ၏ အကာအကွယ်တွင် ထပ်ပေါင်းထည့်နိုင်သည့် ရွေးချယ်စရာ ထပ်ဆောင်းအကျိုးခံစားခွင့် (၃) မျိုးရှိသည်။ ထိုထပ်ဆောင်းအကျိုးခံစားခွင့်များသည် ကျန်းမာရေး၊ လုပ်ငန်းခွင်သဘောသဘာဝ သို့မဟုတ် မတော်တဆထိခိုက်မှုများဖြစ်မည်ကို စိုးရိမ်သောသူများအတွက် အာမခံချက်ပေးခြင်းဖြစ်သည်။

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် – အာမခံထားရှိသူအနေဖြင့် မတော်တဆ ထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့လျှင် ထပ်ဆောင်းအကာအကွယ်အနေဖြင့် အပိုနစ်နာကြေးပေးအပ်သွားမည်ဖြစ်သည်။

မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် – အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အချိန်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ အာမခံထားရှိသူ အသက်သေဆုံးခဲ့ပါက ယခုအကျိုးခံစားခွင့်သည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မှရရှိမည့် အာမခံနစ်နာကြေး၏နှစ်ဆ ရရှိနိုင်မည်ဖြစ်သည်။

အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် – အာမခံထားရှိသူသည် အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါများ၏ အစောပိုင်းအဆင့်နှင့် နှောင်းပိုင်းအဆင့်ကို ခံစားနေရပြီး ခက်ခဲသောအချိန်ကာလများ ကြုံတွေ့နေရချိန်တွင် ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်သည်။

“For every life, for every future” ဆိုသည့် ရည်ရွယ်ချက်အတိုင်း ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် လူမှုရပ်ဝန်းများကို ၎င်းတို့၏ ဘဝနှင့် အနာဂတ်ကိုတည်ဆောက်ရာတွင် အသက်နှင့်ကျန်းမာရေးအာမခံတို့ဖြင့် အကာအကွယ်ပေးကာ ခွန်အားပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။

PRUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်သည့်အနေနှင့် ပရူဒန်ရှယ်အာမခံသည် ပြည်သူလူထုနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံပါဝင်သည့် ကမ်ပိန်းတစ်ခုကို စတင်နေပြီဖြစ်သည်။ ထိုကမ်ပိန်းတွင် အပြန်အလှန် အတူတကွပူးပေါင်းလုပ်ဆောင်ရသည့် ဂိမ်းများ၊ လူထုနှင့်ထိတွေ့မှုရှိသည့် ပွဲအစီအစဉ်များအပြင် ငွေကြေးပိုင်ဆိုင်ရာအကာအကွယ်၏အရေးပါမှုကို သိသာစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြည်တွင်း ကင်ဆာဖောင်ဒေးရှင်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

PRUFlexiprotect အသက်အာမခံအစီအစဉ်များနှင့် ထပ်ဆောင်း ကာကွယ်အကျိုးခံစားခွင့်များအကြောင်း ပိုမိုသိရှိလိုပါက https://www.prudential.com.mm/…/all…/pruflexiprotect/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် customer ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံ၏ hotline ဖုန်းနံပါတ် ၀၉ ၇၇၀ ၁၁၀ ၀၁၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top