ချန်ပီယံလိဂ်ဖလားကို ၁၅ ကြိမ်မြောက် ဆွတ်ခူးသွားတဲ့ ရီးရဲလ်

1.6.2024-yyl-1.jpg

ချန်ပီယံလိဂ်ဘုရင်လို့ တင်စားခံထားရတဲ့ ရီးရဲလ်ဟာ ဝင်ဘလေကွင်းမှာ ဒေါ့မွန်ကို ၂ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ၁၅ ကြိမ်မြောက် ဆွတ်ခူးသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဒေါ့မွန်က ပိုသာခဲ့ပြီး အပိုင်အခွင့်အရေးတွေ ရခဲ့ပေမဲ့ အဆုံးသတ် မသေချာတာကြောင့် ဂိုးမရခဲ့တာပါ။ အဒီယီမီ ဂိုးသမားနဲ့တစ်ယောက်ချင်း အတွေ့မှာ မကန်ဘဲ လိမ်ခေါက်ရင်း အရှိန်လွန်သွားတာ။ ဖူးခရက်ရဲ့ကန်ချက် တိုင်ထိခဲ့တာတွေကြောင့် ရီးရဲလ် ဂိုးမပေးခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ ရီးရဲလ် ခြေစွမ်းပိုကောင်းလာခဲ့ပြီး ကာဗယ်ဂျယ်ရဲ့ ခေါင်းတိုက်ချက်၊ ဗီနီစီယက်ရဲ့ ဂိုးတွေနဲ့အတူ ၂ ဂိုးပြတ် အနိုင်ရခဲ့တာပါ။

ဒီပွဲဟာ တိုနီခရူးစ်၊ မိုဒရစ်၊ မာကိုရူးစ်တို့ရဲ့ နှုတ်ဆက်ပွဲ ဖြစ်ပြီး ရီးရဲလ်ကတော့ တိုနီခရူးစ်နဲ့ မိုဒရစ်ကို ချန်ပီယံလိဂ်ဖလားနဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top