အင်တာပိုလ်ဥက္ကဌ ပျောက်ဆုံးမှုအတွက် တရုတ်ရဲ့ တုံပြန် ရှင်းလင်းချက်ကို အင်တာပိုလ်က လိုလားနေ

43381151_2044678735588256_5016636228246700032_n.jpg

နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ဟာ ၎င်းတို့ရဲ့ ဥက္ကဌ မန့်ဟောင်ဝီ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ရှင်းလင်း ပြောဆိုဖို့အတွက် တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ မနေ့်ဟာင်ဝီဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးချိန်မှာ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

မန့်ဟောင်ဝီဟာ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ် ဌာနချုပ်ရှိတဲ့ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ကနေ တရုတ်နိုင်ငံဆီကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး အဲဒီအချိန် နောက်ပိုင်းတည်းက သူအခြေအနေကို မကြားသိရတော့ကြောင်း မိသားစုဝင်တွေကပြောထားပါတယ်။

မန့်ဟောင်ဝီ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ တရုတ် အာဏာပိုင်တွေဘက်က တစ်စုံတရာ မပြောကြားသေးပါဘူး။ မန့်ဟောင်ဝီကို စုံစမ်းမေးမြန်းဖို့
တရုတ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ခေါ်ဆောင်သွားကြောင်းကိုတော့ The South China Morning Post ကဖော်ပြခဲ့ပါတယ်။

မန့်ဟောင်ဝီဟာ လက်ရှိမှာ ဘာကြောင့် စစ်ဆေးခံရသလဲဆိုတဲ့အချက်နဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတဲ့အချက်ကို မသိသေးကြောင်း သတင်းတွေကဖော်ပြပါတယ်။ အင်တာပိုလ်ဟာ မန့်ဟောင်ဝီ ပျောက်ဆုံးနေတာအတွက် တရုတ်အာဏာပိုင်တွေဆီက ဖြေရှင်းချက်ကို လိုလားနေပြီး တရုတ်ဘက်က တုံပြန်ပြောဆိုလာအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံကတော့ မန့်ဟောင်ဝီ ပျောက်ဆုံးနေခဲ့တဲ့ကိစ္စကို အမှုဖွင့် ဆောင်ရွက်နေပါတယ်။ အင်တာပိုလ်ရဲတပ်ဖွဲ့ဟာ ပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေနိုင်ဖို့၊ အလိုရှိတဲ့တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ချင်း ချိတ်ဆက် ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

Ref: bbc “Interpol urges China to clarify status of missing president Meng Hongwei”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top