ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း

22.11.23-yyl-4.jpg

ကမ္ဘာ့ဝယ်လိုအား အမြင့်ဆုံး ဝီစကီတစ်ပုလင်းဟာ လေလံပြပွဲမှာ ပေါင် ၂.၁ သန်း ( မြန်ာမငွေ သန်း ၉၀၀၀ နီးပါး) နဲ့ လေလံအောင်ခဲ့ပါတယ်။ အခုလေလံအောင်ခဲ့တဲ့ The Macallan 1926 ဝီစကီဟာ ဝက်သစ်ချစည်ထဲမှာ နှစ် ၆၀ ကြာ စိမ်ပြီး ၁၉၈၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဝီစကီပုလင်း ၄၀ အနက် တစ်ပုလင်းဖြစ်ပြီး Macallan ရဲ့ သက်တမ်းအရင့်ဆုံးဝီစကီ ဖြစ်ပါတယ်။

အဲဒီဝီစကီပုလင်း ၄၀ ကို ဈေးကွက်တင် ရောင်းချခဲ့ခြင်းမရှိဘဲ Macallan ရဲ့ ထိပ်တန်းဖောက်သည်တွေကိုပဲ ဝယ်ယူခွင့်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်က လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ Sotheby လေလံပွဲမှာ ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဝီစကီအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

ဝီစကီပုလင်းရဲ့ စက္ကူပတ်ဒီဇိုင်းကိုတော့ အီတလီပန်းချီဆရာ ဗယ်လာရီယိုအဒါမီက ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။

Ref: World’s ‘most sought-after’ whisky sells for $2.7 million

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top