ဒေါ်နယ်ထရမ့်ကို အမြန်ဆုံးတရားသေလွှတ်ပေးဖို့ ရှေ့နေအဖွဲ့က အထက်လွှတ်တော်ကို တောင်းဆို

yyl-016-12.jpg

အမေရိကန်အထက်လွှတ်တော်က သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရေး ရုံးတင်စစ်ဆေးမှုကနေ ချက်ချင်းတရားသေလွှတ်ပေးဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က တောင်းဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကို စွဲချက်တင်တာဟာ အခြေခံဥပဒေကို အန ္တရာယ်ဖြစ်စေနိုင်လောက်တဲ့ လမ်းလွဲတွန်းပို့မှုဖြစ်တယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေါ်နယ်ထရမ့်ရဲ့ ရှေ့နေအဖွဲ့က တင်ပြခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ လိမ်ညာလှည့်ဖျားဖို့အတွက် အကျင့်ပျက်တဲ့လုပ်ရပ် လုပ်ခဲ့တယ်လို့ အောက်လွှတ်တော်ရဲ့ စွဲချက်တင်ရေးမန်နေဂျာတွေက တင်ပြခဲ့ပါတယ်။ စွဲချက်တင်ရေးကြားနာမှုတွေကို ဒီကနေ့ အမေရိကန်စံတော်ချိန် မွန်းလွဲ ၁ နာရီအချိန်မှာ စတင်မှာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ သူ့အတွက် ပြိုင်ဘက်ဖြစ်လာနိုင်သူ ဂျိုးဘိုင်ဒင်ကို စုံစမ်းစစ်ဆေးပေးဖို့ သမ္မတလုုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ယူကရိန်းသမ္မတ ဇီလင်စကီးအပေါ် ဖိအားပေးခဲ့သလို အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ့် လွှတ်တော်ကိုလည်း ပိတ်ပင်တားဆီးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ရုံးတင်စစ်ဆေးမှုကာလမှာ အထက်လွှတ်တော်အမတ်တွေက တစ်နေ့ကို ၆ နာရီနှုန်းနဲ့ တစ်ပတ်မှာ ၆ ရက်အထိ ကြားနာသွားမှာဖြစ်ပါတယ်။ ရုံးတင်စစ်ဆေးမှုကို အမေရိကန်တရားသူကြီးချုပ် ဂျွန်ရောဘတ်က ကြီးကြပ်မှာပါ။ ဒါဟာ အမေရိကန်နိုင်ငံသမိုင်းမှာ သမ္မတတစ်ယောက်အနေနဲ့ စွဲချက်တင်ရေး ရုံးတင်စစ်ဆေးခံရတဲ့ တတိယအကြိမ်ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top