MPT က မြန်မာတေးသီချင်းများကို အချိန်မရွေး၊ နေရာမရွေး နားဆင်ခံစားနိုင်မည့်“Flow” Music Streaming App အသစ်ကို မိတ်ဆက်

23.8.23-yyl-18.jpg

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် Legacy Music Network Co., Ltd နှင့် ပူးပေါင်း၍ ဂီတချစ်သူများနှင့် ၎င်းတို့၏ အနှစ်သက်ဆုံး မြန်မာတေးသီချင်းများကို တစ်နေရာတည်းတွင် ခံစားနားဆင်နိုင်မည့် Music Streaming App အသစ် “Flow” ကို စတင်မိတ်ဆက်ခဲ့သည်။

Legacy Music Network Co., Ltd သည် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာအနုပညာရှင်များ၏ တေးသီချင်းများကို အွန်လိုင်းနှင့် အော့ဖ်လိုင်း (offline) ခေတ်ပေါ် နည်းပညာများကို အသုံးပြု၍ ဖြန့်ဖြူးပေးပြီး ပြည့်စုံသောဝန်ဆောင်မှုများနှင့်အတူ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ MPT နှင့် Legacy Music Network Co., Ltd တို့၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် “Flow” Music Streaming App သည် အသုံးပြုရ လွယ်ကူရိုးရှင်း၍ စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုများကို အပြည့်အဝပေးစွမ်းနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်လာပြီး မြန်မာသံစဉ် ဂီတတေးသွားများကို ကမ္ဘာတစ်ဝန်းရှိ မြန်မာတေးသီချင်း ချစ်သူများထံသို့ပါ ရောက်ရှိစေရန် သီးသန့်ဒီဇိုင်းထုတ် ဆောင်ရွက်ထားခြင်းဖြစ်သည်။

“Flow” App တွင် တေးသံရှင် ၂,၀၀၀ ကျော်၏ မြန်မာသံ၊ ခေတ်ဟောင်းနှင့် ခေတ်ပေါ်တေးများအပါအဝင် Pop, Rock, Hip-hop အစရှိသည့် တေးသီချင်းအမျိုးအစားများစွာပါဝင်သည့် တေးသီချင်းပေါင်း ၃၀,၀၀၀ ကျော် နှင့် တေးဂီတ ဗွီဒီယိုပေါင်း ၈,၀၀၀ ကျော် ကို ခံစားနားဆင်နိုင်မည် ဖြစ်ပါသည်။

“Flow” Music Streaming App သည် သုံးစွဲသူများ အဆင်ပြေလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာပါရှိပြီး မိမိကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့အပြင် “Flow” တွင် ပရီမီယံအသုံးပြုသူအဖြစ် MPT ဖြင့် စာရင်းသွင်း ဝယ်ယူသုံးစွဲသူများအတွက် ကြော်ငြာမပါဝင်သည့်အပြင် အသံအရည်အသွေးစိတ်ကြိုက်ရွေးချယ်ပြီး အရည်အသွေးမြင့် အသံစနစ်ဖြင့် နားဆင်နိုင်ခြင်း၊ ကိုယ်ပိုင်တေးသီချင်းစာရင်း (Playlists) များဖန်တီးနိုင်ခြင်း၊ အကြိုက်ဆုံး တေးသီချင်းများနှင့် Playlist များကို ဒေါင်းလုတ်ရယူထားပြီး အင်တာနက်အသုံးမပြုဘဲ Offline နားထောင်နိုင်ခြင်းအစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။

“Flow” Music Streaming App ကို Android အသုံးပြုသူများအတွက် Google Play Store နှင့် iOS အသုံးပြုသူများအတွက် App Store တို့တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ သုံးစွဲသူများသည် မိမိတို့အသုံးပြုသည့် အမျိုးအစားပေါ်မူတည်၍ https://flow.com.mm မှတစ်ဆင့် အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်ပါသည်။ ဒေါင်းလုတ်ပြုလုပ်ပြီးသည်နှင့် သုံးစွဲသူများသည် “Flow” App သို့ ဝင်ရောက်ပြီး မိမိကိုယ်ပိုင်အကောင့်ဖွင့်ကာ အကြိုက်ဆုံးတေးသီချင်းများကို စတင်ခံစားနားဆင်နိုင်မည် ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် MPT ၏ “Flow” Music Streaming App အကြောင်းကို အသေးစိတ်သိရှိလိုပါက https://flow.com.mm/ (သို့မဟုတ်) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top