လူတိုင်းလက်လှမ်းမီဝယ်ယူနိုင်မည့် အသက်အာမခံအမျိုးအစားအသစ်ကို Manulife က မိတ်ဆက်

30.8.23-yyl-23.jpg

မြန်မာနိုင်ငံအတွင်းက မတူကွဲပြားသောလူမှုအသိုက်အဝန်းတိုင်း လက်လှမ်းမီစေမည့် အားလုံးအတွက် အထူးကိုက်ညီမှုရှိသည့် အသက်အာမခံအမျိုးအစားအသစ် သောကကင်းဝေးကို Manulife က စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ ဝင်ငွေနည်းပါးသော်လည်း မိသားစုဝတ္တရား ကြီးကြီးမားမားတာဝန် ယူထားရသူတိုင်းအတွက် မိသားစုလိုအပ်ချက်များ ကိုင်တွယ် ဆောင်ရွက်နေကြရစဉ် မမျှော်လင့်ထားသောဖြစ်ရပ်များနှင့်ရင်ဆိုင်ရကာ ငွေကြေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာခြင်းမှ အကာအကွယ်ပေးရန်နှင့် အနာဂတ်မိသားစုဘဝအတွက် စိတ်အေးချမ်းသာယာစေရန် ရည်ရွယ်ထားခြင်းသည်။

Manulife Myanmar ၏ CEO နှင့် General Manager ဖြစ်သူ Gaurav Sharma က မြန်မာနိုင်ငံ၏အသက်အာမခံ ဈေးကွက်အခင်းအကျင်းနှင့် စပ်လျဉ်းပြောကြားရာတွင် သောကကင်းဝေး၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။ “အာဆီယံ၊ တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံက အသက်အာမခံအကြောင်းသိရှိမှု အတော်လေးနည်းပါးသေးသလို အသက်အာမခံဆိုင်ရာ ဗဟုသုတနဲ့ ဒီအရာကို လက်လှမ်းမီဖို့ ငွေရေးကြေးရေးအခက်အခဲရှိနေတဲ့ မိသားစုတွေလည်း အများကြီးရှိနေပါသေးတယ်။ ဝင်ငွေအတွက် အခက်အခဲအကျပ်အတည်းတွေကြားကနေ ရုန်းကန်နေရတဲ့ မိသားစုတွေကို ကူညီပေးနိုင်ဖို့၊ အထောက်အပံ့တစ်ခုအနေနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ကို စဉ်းစားပြီး Manulife သောကကင်းဝေးကို စီစဉ်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။”ဟု Gaurav က ပြောကြားခဲ့သည်။

အထက်ပါ ရည်မှန်းချက်နှင့်မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အသက်အာမခံက လူတိုင်းနှင့် အလှမ်းဝေးသည့်အရာမဖြစ်စေရဘဲ အားလုံးလက်လှမ်းမီပြီး ယုံကြည်ချက်အပြည့်အဝဖြင့် မိသားစုဘဝများကို ဦးဆောင်နိုင်စေရေးအတွက် အဓိကကူညီပေးနိုင်သည့်အရာအဖြစ် သတ်မှတ်လာကြစေရန် ရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်သည်။ အသက်အာမခံအသစ် စတင် မိတ်ဆက်ခြင်းနှင့်အတူ Manulife Myanmar က မြန်မာနိုင်ငံကလူမှုအသိုက်အဝန်းအတွက် အကျိုးများစွာရှိစေမည့် လူမှုအကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟူသော ကတိကဝတ်အတိုင်း သောကကင်းဝေးအသက်အာမခံပေါ်လစီ (၅၅) စောင်ကို ‌ ဒေါင်းဆင်ဒရုန်းရောဂါခံစားနေရသည့် ကလေးငယ်များကို စောင့်ရှောက်ပေးနေသော ၎င်းတို့၏ မိသားစုဝင်များအတွက် မြန်မာနိုင်ငံ ဒေါင်းဆင်ဒရုန်းအသင်းမှတစ်ဆင့် မေတ္တာဖြင့် ပံ့ပိုးကူညီလှူဒါန်းခဲ့သည်။ ယခုပံ့ပိုးကူညီမှုအစီအစဉ်အောက်တွင် မိသားစုများ၏ဘဝ များ စိတ်ချလုံခြုံစေသည့်အပြင် အဆိုပါပံ့ပိုးမှုမှာ မြန်မာနိုင်ငံတစ်ဝန်းက သန်းနှင့်ချီသော မိသားစုများ၏ဘဝကို လုံခြုံစေမည်ဟူသော Manulife ၏ကတိကဝတ်အတွက် ခိုင်မာသည့်ပြယုဂ်တစ်ခုလည်းဖြစ်သည်။

“လူတိုင်းလူတိုင်း သက်တောင့်သက်သာနဲ့ အသက်အာမခံဝယ်ယူနိုင်စေရမယ်ဆိုတဲ့ရည်မှန်းချက်အတိုင်း အခုလို အကျိုးသက်ရောက်မှု အများကြီးရှိတဲ့ လူမှုအကျိုးပြုပဏာမခြေလှမ်းကို ကျွန်တော်တို့ စတင်လိုက်နိုင်ပါပြီ။ မရှိမဖြစ်အရေးကြီးတဲ့ ငွေကြေးဆိုင်ရာ အကာအကွယ်တွေကို လူ့အဖွဲ့အစည်းတစ်ရပ်လုံး တန်းတူညီရရှိနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ အားလုံးအတွက် Manulife ဖြစ်လာစေဖို့က ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဘုံမျှော်မှန်းချက်တစ်ခုပါပဲ။” ဟု Gaurav မှ ထပ်လောင်းပြောကြား ခဲ့သည်။

သောကကင်းဝေးအသက်အာမခံကို အသက် ၁၈နှစ်မှ စတင်ဝယ်ယူထားရှိနိုင်ပြီး (၃)နှစ်ပေါ်လစီသက်တမ်းအတွက် အကြီးဆုံးအသက် ၆၂ နှစ်နှင့် (၅)နှစ်ပေါ်လစီသက်တမ်းအတွက် အကြီးဆုံးအသက် ၆၅နှစ်အထိ ထားရှိနိုင်မည်ဖြစ်သည်။ ပျမ်းမျှပရီမီယံကြေး မြန်မာငွေ ကျပ်ခြောက်သိန်းမျှဝယ်ယူရုံဖြင့် မြန်မာငွေသန်းခြောက်ဆယ်ထိ အသက်အာမခံအကာအကွယ်ရရှိနိုင်မည်ဖြစ်ရာ အကာအကွယ်ရရှိမှု ပမာဏမှာမူ အသက်အရွယ်၊ လိင်အမျိုးအစား၊ ငွေပေးသွင်းသည့်ပုံစံများနှင့် ရွေးချယ်ထားသည့်အသက်အာမခံအမျိုးအစားပက်ကေ့ချ်ပေါ်တွင် မူတည်မည်ဖြစ်သည်။
Manulife သောကကင်းဝေးအသက်အာမခံပေါ်လစီ၏ အဓိကအကျိုးခံစားခွင့်များမှာ-

နှစ်ဆကြီးမားသောအကာအကွယ်
မတော်တဆမှုကြောင့် ကိုယ်အင်္ဂါထိခိုက်ပျက်စီးခြင်းကို အာမခံအကာအကွယ်ပေးခြင်း
ပေးသွင်းထားသော ပရီမီယံ၏ ၂၅ရာခိုင်နှုန်းကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် ပြန်လည်ပေးအပ်ခြင်း တို့ဖြစ်သည်။
Manulife သောကကင်းဝေးအသက်အာမခံနှင့်ပတ်သက်၍ အသေးစိတ်ကို ယခုလင့်ခ်မှတစ်ဆင့် Manulife သောကကင်းဝေး အသက်အာမခံ | Life Insurance | Manulife Myanmar ဝင်ရောက်‌လေ့လာနိုင်ပါသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ ရာစုနှစ်တစ်ခုကျော်အတွေ့အကြုံများစွာကို ယူဆောင်လာသည့် Manulife Myanmar က ၂၀၁၉ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းမှ မိသားစုများအတွက် ပြီးပြည့်စုံပြီး အံ့ဝင်ခွင်ကျဖြစ်သော အသက်အာမခံများ၊ ငွေကြေးဆိုင်ရာအကြံဉာဏ်များနှင့် စီမံခန့်ခွဲမှုများ၊ ဖြေရှင်းချက်များ ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်သည်။

Manulife Myanmar အကြောင်း
Manulife Myanmarသည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulifeသည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာ ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ Manulife Myanmarအကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top