မီးလောင်ဒဏ်ရာရထားတဲ့ သမီးအတွက် မိခင်က သူ့ဆံပင်နဲ့လုပ်ထားတဲ့ ဆံပင်တု လက်ဆောင်ပေး

30.8.23-yyl-21.jpg

မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ သမီးငယ် အမ်မလီအတွက် မိခင်ဖြစ်သူက သူ့ဆံပင်ကို ဖြတ်ပြီး ဖန်တီးပေးထားတဲ့ ဆံပင်တု လက်ဆောင်ပေးတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ အမ်မလီဟာ ၂၀၁၅ ခုနှစ်တုန်းက ၁ နှစ်သမီးအရွယ်မှာ ဂတ်စ်ဘူး ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အသက်ဆုံးရှုံးလုမတတ် ဖြစ်ခဲ့သူပါ။

အိမ်နောက်ဖေး ခြံဝင်းထဲမှာ သူ့အဘွားက သစ်ရွက်ခြောက်တွေ မီးရှို့နေတုန်း ဂတ်စ်ဘူး ပေါက်ကွဲသွားခဲ့တာပါ။ သူ့အဘွား အနားမှာ ရှိနေတဲ့ အမ်မလီဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ တတိယအဆင့် လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ပါတယ်။ အမ်မလီဟာ အရင်တုန်းက သူ့အမေဆံပင်နဲ့လုပ်ထားတဲ့ ဆံပင်တုလက်ဆောင် တောင်းခဲ့ဖူးပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်က သူ့ရဲ့ ၉ နှစ်ပြည့်မွေးနေ့မှာ သူ့မိခင်က သူ့သမီးလိုချင်တဲ့ လက်ဆောင်ပေးခဲ့တာပါ။

ဒီဗီဒီယိုဟာ ကြည့်ရှုသူတွေရဲ့ ရင်ကို လှုပ်ခတ်စေခဲ့ပြီး TikTok မှာ ကြည့်ရှုသူ ၃ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဗီဒီယိုကိုတော့ 1st Comment မှာ ဖော်ပြထားပါတယ်။

Ref: Little girl who survived 3rd-degree burns hugs her mom after receiving a wig for her birthday

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top