ဒေါ်လာ ၁ သန်း ထီဆုကြီး ဆွတ်ခူးခဲ့တဲ့ အိမ်ရာမဲ့ အမျိုးသား

bajet.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အိမ်ရာမဲ့ အမျိုးသားတစ်ဦးဟာ ခဲခြစ်ထီလက်မှတ်ကနေ ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အမည်မဖော်လိုသူ အိမ်ရာမဲ့ အမျိုးသားဟာ ဆန်ဒီမြို့ရဲ့ Deli-Liquor ဆိုင်ကနေ Triple Red 777 ခဲခြစ်ထီလက်မှတ် ဝယ်ယူခဲ့တာပါ။

” ဆိုင်ထဲ ဝင်လာပြီး ထီလက်မှတ်ကို ခဲခြစ်ကြည့်လိုက်တော့ အိုး …… ဘုရားသခင်ဆိုပြီး ထအော်တော့တာပဲ။ သူ့လက်ထဲက ထီလက်မှတ်ကို ယူပြီး စကန်ဖတ်စက်ဆီ ကျွန်တော် သွားတော့ ” အိမ်ရာမဲ့ မဟုတ်တော့ဘူးကွ”လို့ သူ တဖွဖွ ပြောနေတာ။ သူက ဒေါ်လာ ၁ သိန်းပေါက်တယ် ထင်နေတာ။ ကျွန်တော်ပြောလိုက်မှ ဒေါ်လာ ၁သန်းဆုပေါက်မှန်း သူ သိတာ”လို့ Deli-Liquor ဆိုင် ဝန်ထမ်း ဆာမန်းက ပြောပါတယ်။

ထီဆုကြီး ဆွတ်ခူးခဲ့တဲ့ အမျိုးသားဟာ အိမ်တစ်လုံးနဲ့ ကားတစ်စီး ဝယ်ယူဖို့ စီစဉ်နေပြီး ကျန်ငွေကိုတော့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်လို့ ဆိုပါတယ်။

Ref: ‘I’m Not Homeless Anymore!’: Homeless Man Wins $1 Million Lottery Prize

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top