ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက် မဲပေါက်ခဲ့တဲ့ အမျိုးသား

14.4.2023-yyl-iamge-41.jpg

တရုတ်နိုင်ငံ၊ ရှိန်းကျိန့်မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားတစ်ဦးဟာ ဧပြီလ ၉ ရက်နေ့က ကျင်းပတဲ့ နှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက်မဲပေါက်ခဲ့ပါတယ်။ အဲဒီအမျိုးသား မဲပေါက်တဲ့ ဗီဒီယိုကို တရုတ်လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့တာပါ။ လစာပြည့်ခွင့် ၃၆၅ ရက်လို့ တရုတ်လိုရေးထားတဲ့ ကတ်ထူပြားအကြီးကြီးကို အဲဒီအမျိုးသား ကိုင်ဆောင်ထားတာတွေ့ရပါတယ်။

အဲဒီအမျိုးသားနာမည်ကိုတော့ မဖော်ပြထားပေမဲ့ ကုမ္ပဏီမှာ မန်နေဂျာရာထူးနဲ့ လုပ်နေတယ်လို့ သိရပါတယ်။ သူ ပေါက်ခဲ့တဲ့ဆုက တစ်ခုတည်းသောဆုကြီးပါ။ အခြားဆုတွေက အသေးတွေပါ။ ဒီဆုကို ပေါက်သွားတဲ့အတွက် သူလည်း မယုံကြည်နိုင်ဖြစ်ပြီး တကယ်လားလို့ ထပ်ခါထပ်ခါ မေးခဲ့ရပါတယ်။ ကုမ္ပဏီက လစာပြည့်ခွင့်ကို ငွေသားအဖြစ် ပြောင်းလဲယူမလားဆိုတဲ့ ရွေးချယ်ခွင့်လည်း ပေးထားပါတယ်။

ကုမ္ပဏီသူဌေးဟာ ဝန်ထမ်းတွေရဲ့စိတ်ဖီစီးမှု ပြေပျောက်စေဖို့အတွက် မဲနှိုက်တဲ့အစီအစဉ်လုပ်ပေးခဲ့တာဖြစ်တယ်။ ကုမ္ပဏီရဲ့နှစ်ပတ်လည်ညစာစားပွဲကို မကျင်းပဖြစ်တာ ၃ နှစ်ရှိပြီလို့ တရုတ်မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

Ref: Man in China apparently wins 365 days of paid leave during company’s dinner lucky draw

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top