လူသားတွေကို သဘာဝတရားကြီးက အံ့သြမှုပေးစွမ်းနိုင်တယ်ဆိုတာသက်သေပြနေတဲ့ပုံများ

14-9-2020-yyl-024.jpg

စာဖတ်ပရိသတ်တွေလည်း စာအများကြီးဖတ်ရတာ ပျင်းနေမှာဆိုးတဲ့အတွက် အခုတစ်ခါမှာ အပျင်းပြေစေပြီး အံ့သြသင့်စေနိုင်တဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးမယ်နော်။ အဲဒါကတော့ ကျွန်တော်တို့လို လူသားတွေကို သဘာဝတရားကြီးက အံ့သြမှုအပြည့်ပေးစွမ်းနိုင်တယ်ဆိုတာကို သက်သေပြနေတဲ့ပုံတွေပါပဲ။

ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ သဘာဝတရားကြီးက ကျွန်တော်တို့လူသားတွေကို တစ်ခါတလေ စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှုတွေပေးနိုင်ပါတယ်။ အမှတ်တရအခိုက်အတန့်တွေလည်း အပါအဝင်ပါပဲ။ သဘာဝတရားကြီးကလည်း အားပြင်းပါတယ်။ ဘယ်သူမှ လွန်ဆန်လို့မရနိုင်ပါဘူး။ တချို့သဘာဝတရားကြီးက အရမ်းလှသလို တချို့ကျတော့ အံ့သြစရာကောင်းတယ်၊ ကြောက်စရာကောင်းတယ်။

သဘာဝတရားကြီးက လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ပြည့်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ကျွန်တော်တို့ မမြင်ဖူးတဲ့အရာတွေကိုလည်း သဘာဝတရားကြီးက ဖုံးကွယ်ထားနိုင်ပါတယ်။ အခု စာဖတ်ပရိသတ်တွေက သဘာဝတရားကြီးက ချပြမယ့် မမြင်ဖူးတဲ့အရာတွေကို ပုံထဲမှာ မြင်တွေ့ရမှာပါနော်။ ခရမ်းကြွပ်သီးကို ဘာလို့ Egg Plant လို့ခေါ်တာလဲဆိုတာ စာဖတ်ပရိသတ်တွေ ပုံမှာမြင်တာနဲ့ နားလည်သွားပါလိမ့်မယ်။ လူသားတွေကို သဘာဝတရားကြီးက ဘယ်လိုတွေ အံ့အားသင့်စေလဲဆိုတာ ပုံတွေမှာ ကြည့်လိုက်ကြရအောင်

ဘဲဥနဲ့တူတဲ့ ခရမ်းကြွပ်သီး


ဒိုင်နိုဆောပေါက်စနဲ့တူတဲ့ လိပ်သားပေါက်လေး


လက်မလေးပါတဲ့ ကြောင်လေး


မျက်နှာကြက်မှာ ပေါက်ရောက်နေတဲ့ မှို


ထိုင်းနိုင်ငံမှာတွေ့ရတဲ့ ပန်းပွင့်ကြီး (ဒေသခံတွေက ဒီပန်းပွင့်ကို စားကြတယ်)


လင်းနို့ပေါက်စလေး


အပြာရောင်အဆင်းရှိတဲ့ ကျောက်ပုစွန်


လူရဲ့နှာခေါင်းမှာ လာနားတဲ့ လိပ်ပြာကြီး


အတောင်ပံပါတဲ့ ငါး

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top