နေ့မိုက်ညချော OPPO Reno4 နဲ့ ရိုက်ကူးထားတဲ့ စီချွမ်ဒေသရဲ့ သဘာဝအလှတရားများ

Main-Photo.jpg

စီချွမ်ဒေသက အာရှတိုက်ရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ Yangtze မြစ်နဲ့ အတူ တရုတ်ပြည် အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ချစ်စရာ ဧရာမ ပန်ဒါဝက်ဝံတွေ နေထိုင်ရာဒေသဖြစ်ပါတယ်။ စီချွမ်ပြည်နယ်ရဲ့မြို့တော် Chengdu က Fire-breathing၊ Face Mask Changing၊ Puppet Show နဲ့ Shadow Play အစရှိတဲ့ စီချွမ် ရိုးရာ အော်ပရာပွဲတွေပြုလုပ်တဲ့အတွက် နာမည်ကြီးပြီး အချက်အချာကျတဲ့နေရာဖြစ်ပါတယ်။ အဲဒီလို ယဉ်ကျေးမှုအနုပညာတွေ ထွန်းကားတဲ့ စီချွမ်ဒေသရဲ့ ရင်သပ်ရှုမောဖွယ်ရာလှပတဲ့ အခိုက်အတန့်တွေကို နေ့မိုက်ညချော OPPO Reno4 ရဲ့ထူးခြားတဲ့ကင်မရာစွမ်ဆောင်ရည်တွေဖြစ်တဲ့ AI Color Portrait၊ Night Flare Portrait၊ Ultra Steady Video 3.0 နဲ့ 960fps Smart Slow-motion စနစ်တွေကို အသုံးပြုပြီး Sichuan ရဲ့ အလှကို ပိုမိုပေါ်လွင်စေရန် ရိုက်ကူးတင်ဆက် ထားတဲ့ OPPO Gallery ကို ကြည့်ရှုခံစားနိုင်ဖို့ ထုတ်ဖော်ပြသလိုက်ရပါတယ်။

စီချွမ်ဒေသရဲ့ထူးခြားချက်တစ်ခုက ခေတ်သစ်မြို့တော်ကြီးမှာ ရှေးဟောင်းယဉ်ကျေးမှုအနုပညာတွေပါ အတူတကွ တိုးတက်နေခြင်းဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့ စီချွမ်ဒေသရဲ့ ခေတ်မီအဆင့်မြင့် ဟိုတယ်ကြီးတွေ၊ မိုးမျှော်တိုက်တွေနဲ့ တရုတ်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦတွေကို တစ်နေရာထဲမှာ တွေ့မြင်ခံစား နိုင်မှာဖြစ်ပါတယ်။ စီချွမ်ဒေသရဲ့ ဈေးတွေနဲ့ လမ်းတွေတစ်လျှောက်မှာ ထူးခြားတဲ့ စီချွမ်စတိုင် ရိုးရာအိမ်တွေကို တွေ့ရမှာဖြစ်ပြီး ရိုးရာလက်ဖက်ရည်ဆိုင်တွေမှာ ဝါးကုလားထိုင်တွေနဲ့ သစ်သားစားပွဲတွေမှာ စုဝေးနေရာယူကာ စီချွမ်စတိုင် လက်ဖက်ရည်သောက်သုံးနေကြပုံတွေကို ဒေသခံယဉ်ကျေးမှုတစ်ရပ်အနေနဲ့ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ စီချွမ်မြို့မှာ လူဦးရေပေါင်း ၈၁ သန်းခန့် နေထိုင်နေပြီး ညအချိန်မှာ မီးရောင်တွေနဲ့ လူတွေရဲ့ သွားလာ လှုပ်ရှားမှု ပုံရိပ်တွေက မြို့ပြရဲ့ အလှကို ပိုပြီး သက်ဝင်လှုပ်ရှားစေပါတယ်။ အဲဒီစီချွမ်ဒေသရဲ့ရင်သပ်ရှုမောဖွယ်ရာ ညအချိန်ပုံရိပ်တွေကို OPPO Reno4 ရဲ့ Night Flare Portrait Feature အသုံးပြုပြီး ဖန်တီးပုံဖော် ရိုက်ကူးထားတာတွေကို ကြည်ရှုကာ သိရှိနိုင်ပါတယ်။

ဒါ့အပြင် ပန်ဒါဝက်ဝံတွေက တရုတ်ပြည်ရဲ့ နိုင်ငံ့ရတနာတစ်ခုအနေနဲ့ သတ်မှတ်ခြင်းခံထားရပြီး ကမ္ဘာ့ပန်ဒါဝက်ဝံ၃၀ ရာခိုင်နှုန်းခန့်က စီချွမ်ဒေသမှာ နေထိုင်ကြပြီး ၂၀၀၆ ခုနှစ်မှာ Sichuan Giant Panda Sanctuaries က ကမ္ဘာ့ သဘာဝအမွေအနှစ်အနေနဲ့ စာရင်းဝင်ခဲ့ပါတယ်။ စီချွမ်ဒေသရဲ့ Chengdu ပန်ဒါ မွေးမြူရေးသုတေသနစင်တာနဲ့ Bifengxia ပန်ဒါ အခြေစိုက်စခန်းမှာ ဧရာမပန်ဒါ မျိုးစိတ်များစွာရှိပါတယ်။

စီချွမ်ဒေသက Street Food ဆိုင်လေးတွေကစလို့ စားသောက်ဆိုင်ကြီးတွေအထိ အစားအသောက်နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့မြို့လည်းဖြစ်ပါတယ်။ လူကြိုက်များတဲ့ စီချွမ်အစားအစာတွေဖြစ်တဲ့ စီချွမ် ဟော့ပေါ့၊ မာပိုတို့ဟူး၊ စီချွမ်စတိုင် ငါးဟင်း အစတဲ့ဟင်းလျာတွေက တရုတ်နိုင်ငံရဲ့ အကြီးကျယ်ဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရင်သပ်ရှုမောဖွယ်ရာ သဘာဝပတ်ဝန်းကျင်အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ စီချွမ်ဒေသရဲ့ အထင်ကရ နေရာတွေမှာလည်း OPPO Reno4 ရဲ့ထူးခြားဆန်းသစ်တဲ့ ကင်မရာ Featureတွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ စီချွမ်ဒေသက ကြီးပွားတိုးတက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ အစားအစာနဲ့ ရင်သပ် ရှုမောဖွယ်ရာ သဘာဝပတ်ဝန်းကျင်မြင်ကွင်းတွေကို တွေ့ကြုံလိုသူသူတွေအတွက် ရွေးချယ်သင့်တဲ့ နေရာကောင်း တစ်ခုပဲဖြစ်ပါတယ်။

အဲဒီလို စီချွမ်ဒေသရဲ့ မြို့ပြနေထိုင်မှုဘဝပုံစံတွေနဲ့ အံ့ဩမှင်သက်ဖွယ် သဘာဝပတ်ဝန်းကျင် မြင်ကွင်းတွေအပြင် တရုတ် ရိုးရာအစဉ်အလာ အော်ပရာပွဲတွေဖြစ်တဲ့ Fire Breathing၊ Face Mask Changing၊ Puppet Show နဲ့ Shadow Play အစရှိတဲ့ပွဲတွေ၊ အစားအသောက်တွေနဲ့အတူ စီချွမ်ဒေသရဲ့ ရတနာ ချစ်စရာဧရာမပန်ဒါဝက်ဝံတွေရဲ့ ပုံရိပ်တွေနဲ့ အခိုက်အတန့်တွေကို OPPO က နေ့မိုက်ညချော OPPO Reno4 ရဲ့ ထူးခြားတဲ့ ကင်မရာစွမ်းဆောင်ရည်တွေဖြစ်တဲ့ AI Colour Portrait နဲ့ Night Flare Portrait တွေကို အသုံးပြုပြီး အများပြည်သူတွေ မျက်လုံးထဲမှာ ထိမိပြတ်သားကာ စီချွမ်ဒေသရဲ့ အလှကို ပိုမိုပေါ်လွင်စေဖို့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top