ဂျပန်နိုင်ငံမှာ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် တစ်ရက်တာ ရောဂါကူးစက်ခံရသူ ၁၀၀ အောက် ကျဆင်း

8-5-2020-yyl-047.jpg

ဂျပန်နိုင်ငံမှာတော့ တစ်လကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ အောက် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ ၉၅ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၆ ယောက် ရှိပါတယ်။ ဒါဟာ မတ်လ ၃၁ ရက်နောက်ပိုင်း ၁၀၀ အောက် ကျဆင်းတဲ့ ပထမဆုံးအကြိမ်ပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တားဆီးနိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့လကတည်းက အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

လက်ရှိအချိန်မှာတော့ တိုးတက်မှု အရိပ်အယောင်တွေ ရှိလာပြီး စီရင်စု ၄၇ ခုရှိတဲ့အနက် ၃၄ ခုအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ပိတ်ဆို့မှုစည်းမျဉ်း၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို ဖြေလျှော့နိုင်အောင် ပြင်ဆင်ဖို့ အကြံပြုထားပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၂၅၉ ယောက်ရှိပြီး လူ ၅၇၀ သေဆုံးခဲ့ပါတယ်။ ကူးစက်ခံရသူ ၇၁၂ ယောက်၊ သေဆုံးသူ ၁၃ ယောက်ကတော့ Diamond Princess အပျော်စီးသင်္ဘောပေါ်က လူတွေပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply