COVID-19 နဲ့ပတ်သက်ပြီး ထူးခြားတဲ့တွေ့ရှိမှုတွေ ဖော်ထုတ်နိုင်လုဆဲဆဲဖြစ်နေတဲ့ ပစ်ဘတ်တက္ကသိုလ်ပါမောက္ခ အသတ်ခံရ

8-5-2020-yyl-046.jpg

COVID-19 ရောဂါကို သုတေသနလုပ်ချိန်မှာ ထူးခြားတဲ့ တွေ့ရှိမှုတွေ ဖော်ထုတ်နိုင်လုဆဲဆဲ ဖြစ်နေတဲ့ ပစ်ဘတ်တက္ကသိုလ်ရဲ့ ပါမောက္ခဟာ ပြီးခဲ့တဲ့ အားလပ်ရက်က အသတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘင်လျူလို့ အမည်ရတဲ့ တရုတ်လူမျိုး လက်ထောက်ပါမောက္ခဟာ ပြီးခဲ့တဲ့စနေနေ့က ဦးခေါင်း၊ ဇက်၊ ရင်ဘတ်၊ လက်ချောင်းတွေမှာ သေနတ်ဒဏ်ရာတွေ ရထားပြီး သူ့ရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။

ဘယ်သူဘယ်ဝါ ခွဲခြားဖော်ပြခြင်း မရှိသေးတဲ့ အမျိုးသားတစ်ယောက်ကိုလည်း ကားထဲမှာ သေဆုံးနေတာ တွေ့ရပါတယ်။ အဲဒီအမျိုးသားက ဘင်လျူကို သတ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပါတယ်။ ဘင်လျူနဲ့ အဲဒီအမျိုးသားဟာ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းကြတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

ဘင်လျူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ဆဲလ်တွေရဲ့ အခြေခံသဘောတရားအတွက် အဓိကအရေးပါတဲ့ ဆဲလ်ဖွဲ့စည်းပုံယန္တရားကို နားလည်နိုင်စေဖို့ ထူးခြားတဲ့ တွေ့ရှိမှုကို ဖော်ထုတ်နိုင်လုဆဲဆဲ ဖြစ်နေချိန်မှာ အသတ်ခံခဲ့ရတာလို့ ပစ်ဘတ်တက္ကသိုလ်ရဲ့ တွက်ချက်မှုဆိုင်ရာနဲ့ ဇီဝဗေဒစနစ်များဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဘင်လျူကို အလေးအမြတ်ထားတဲ့ အနေနဲ့ သူလုပ်နေတဲ့ သုတေသနကို ပြီးဆုံးအောင် ဆောင်ရွက်သွားမယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top