အဘွားအငှား ဝန်ဆောင်မှုပေးတဲ့ ဂျပန်ကုမ္ပဏီ

grand.jpg

Client Services လို့ အမည်ရတဲ့ ဂျပန်ကုမ္ပဏီမှာ အိမ်သန့်ရှင်းရေး၊ ကလေးထိန်း၊ အိမ်မွေးတိရစ္ဆာန် ထိန်း၊ ကိုယ်စား တောင်းပန်ပေးခြင်း၊ အခမ်းအနား ကိုယ်စားတက်ပေးခြင်း စတဲ့ ဝန်ဆောင်မှုမျိုးစုံ ရရှိသလို အဘွားအငှား ဝန်ဆောင်မှုကလည်း လူပြောများပါတယ်။

OK Grandma လို့ အမည်ပေးထားတဲ့ ဒီဝန်ဆောင်မှုမှာ အသက် ၆၀ မှ အသက် ၉၄ နှစ်အရွယ်ကြား အဘွားတွေက သူတို့ရဲ့ဘဝအတွေ့အကြုံအလိုက် လူငယ်တွေအတွက် အကြံပေးတာ၊ စကားပြောတဲ့အခါ စကားလုံးရွေးချယ်ပေးတာ၊ ရင်ဖွင့်စကားကို နားထောင်ပေးတာ၊ မိသားစု မစုံလင်သူတွေအတွက် မင်္ဂလာပွဲ အခမ်းအနား တက်ရောက်ပေးတာမျိုးတွေ လုပ်ပေးတာ ဖြစ်ပါတယ်။

အဘွားအငှား ဝန်ဆောင်မှုကတော့ တစ်နာရီကို ယန်း ၃၃၀၀ နှုန်းဖြစ်ပြီး အသွားအလာစရိတ်၊ ဝန်ဆောင်မှုပေးနေတဲ့ကာလအတွင်း လိုအပ်တဲ့ စရိတ်စကတွေကိုလည်း စားသုံးသူဘက်မှ ပေးဆောင်ရမှာပါ။ Client Services ကုမ္ပဏီကို ၂၀၁၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အဘွားအငှား ဝန်ဆောင်မှုကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ ဒီဝန်ဆောင်မှုဟာ Client Services ကုမ္ပဏီရဲ့ လူကြိုက်အများဆုံး ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။

Ref: In Japan, You Can Rent a Grandma for $23 an Hour

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top