အိန္ဒိယတစ်နိုင်ငံလုံးကို ပိတ်ဆို့လိုက်ပြီ

india01.jpg

လူဦးရေ ၁.၄ ဘီလျံရှိတဲ့ အိန္ဒိယနိုင်ငံမှာတော့ မတ်လ ၂၅ ရက်ကစပြီး နိုင်ငံတစ်ဝန်း ပိတ်ဆို့မှု(Lockdown)စတင်လိုက်ပါပြီ။ COVID-19 ကူးစက်ပျံ့နှံ့မှု လျော့နည်းသက်သာသွားစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတစ်ဝန်းပိတ်ဆို့မှုက ၂၁ ရက်ကြာမြင့်မှာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုမစတင်ခင်ညမှာ စူပါမားကတ်တွေ၊ ဆေးဆိုင်တွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းအရောင်းဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးဝယ်ယူခဲ့ကြပြီး စျေးဝယ်ခွင့်ရဖို့ တန်းစီစောင့်ဆိုင်းခဲ့ရပါတယ်။

နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုလုပ်ထားချိန်မှာ အစားအစာ၊ ကုန်ခြောက်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်တွေကိုပဲ ဖွင့်ထားပေးမှာပါ။ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ အိမ်ထဲကနေ ထွက်ခွင့်ရမလဲဆိုတာကတော့ ပြည်နယ်တစ်ခုချင်းစီလိုက် ကွာခြားဖို့ရှိပါတယ်။ အဲဒီစည်းမျဉ်းအသေးစိတ်ကို ဒီကနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှု တဟုန်ထိုးမြင့်တက်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၅၁၉ ယောက်၊ သေဆုံးသူ ၁၀ ယောက်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ ၄၀၀၀၀၀ လောက်ရှိနေပြီး လူ ၁၇၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top