ဇူလိုင်လနောက်ဆုံးအပတ်မှာ တရုတ်ကဝယ်ယူထားတဲ့ ကာကွယ်ဆေး (၁) သန်း ရောက်ရှိမယ်လို့ ပြည်ထောင်စုဝန်ကြီးပြော

1-7-21_COVID-19-Meeting-1.jpeg

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း (၄) သန်း ဝယ်ယူထားပြီး လာမယ့် ဇူလိုင်လနောက်ဆုံးအပတ်မှာ တရုတ်နိုင်ငံကဝယ်ယူထားတဲ့ ကာကွယ်ဆေး (၁) သန်း ရောက်ရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကပြောပါတယ်။

သြဂုတ်လ ပထမအပတ်မှာ တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေး (၃) သန်း ထပ်မံရောက်ရှိမှာဖြစ်တယ်လို့ COVID-19ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွက်လှူဒါန်းပေးတဲ့ ကိုဗစ်ကာကွယ်ဆေး (၂) သန်းကလည်း သြဂုတ်လအတွင်းမှာ ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်ရောက်ရှိလာတော့မယ့် ကိုဗစ်ကာကွယ်ဆေး (၆) သန်းကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ရေး၊ ကာကွယ်ဆေးထိုးကဒ်တွေ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေး၊ ကာကွယ်ဆေးတွေ အအေးလမ်းကြောင်းမပြတ် သိုလှောင်ဖြန့်ဖြူးရေး စတဲ့အစီအစဉ်တွေကို စနစ်တကျလုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဘက်မှဝယ်ယူထားတဲ့ COVISHIELD ကာကွယ်ဆေးတွေကို အိန္ဒိယနိုင်ငံအနေနဲ့ အချိန်မီမပို့ပေးနိုင်တဲ့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ အခုလိုတရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူလို့ရအောင် စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top