မပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို အိမ်မှာပဲ ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ

17-7-2021-yyl-15.jpg

Covid-19 ရောဂါခံစားနေရသူတွေအနေနဲ့ ရောဂါမပြင်းထန်ဘူး ဒါမှမဟုတ် အလယ်အလတ်အဆင့်မှာပဲရှိတယ်ဆိုရင် နေအိမ်မှာပဲ မိမိကိုယ်ကို ပြုစုစောင့်ရှောက်လို့ရနိုင်ပါတယ်။ အိမ်မှာပဲ ပြုစုစောင့်ရှောက်လို့ရပေမယ့်လည်း ဘယ်လိုအခြေအနေမျိုးတွေမှာ ဆေးရုံကို သွားသင့်လဲဆိုတာကိုတော့ မိမိအနေနဲ့ ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။

အဆင့်(၁) Covid-19 ရောဂါ လက္ခဏာတွေကို သတိထားစောင့်ကြည့်ပါ။

  • Covid-19 ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ဆုံးခြင်း၊ မျက်စီနီခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ဖြစ်ပါတယ်။
  • အသက်ရှုရခက်ခဲလာခြင်း၊ အိပ်ရာမှမထနိုင်ခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ ရင်ဘတ် အောင့်ခြင်း (သို့မဟုတ်) မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ မှိန်းခြင်းတွေဖြစ်ပေါ်လာပါက ရောဂါပြင်းထန်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေတွေ့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေကို ချက်ချင်း အကူအညီတောင်းပါ။
  • မိမိမှာ Covid-19 ရောဂါ လက္ခဏာများတွေ့ကြုံခံစားလာရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ တစ်ဦးဦးနဲ့ တိုင်ပင်ပါ။ Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပါ။

အဆင့် (၂) မိမိကိုယ်ကို ဂရုစိုက်ပါ။

  • ကောင်စွာ အနားယူပါ။ အခြားသူတွေနဲ့ ခပ်ခွာခွာ နေပါ (သို့မဟုတ်) လေကောင်း၊ လေသန့် ကောင်းမွန်စွာ ရရှိတဲ့ အခန်းမှာ သီးခြားနေထိုင်ပါ။
  • ရေဓာတ်အလုံအလောက်ရရှိစေရန် အရည်များများသောက်ပါ။
    အခြားသူတွေနဲ့အတူ အခန်းတွင်းရှိပါက ပါးစပ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ထားပါ။
  • အာဟာရပြည့်ဝအောင် စားသုံးပါ။
  • ကိုယ်ပူပြီး အဖျားရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း (သို့မဟုတ်) ခေါင်းကိုက်ခြင်းတွေ ခံစားရပါက ပါရာစီတမောသောက်ပါ (သောက်ရမယ့် ပမာဏာနဲ့ အကြိမ် အရေအတွက်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူ တစ်ဦးဦးထံမှ အကြံဉာဏ်တောင်းပါ) အဖျားမကျပါက နဖူးပေါ်ကို အေးတဲ့ အဝတ်အစားတစ်ခုကို တင်ထားပေးပါ။
  • ကိုယ်ပူပြီး အဖျားရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း (သို့မဟုတ်) ခေါင်းကိုက်ခြင်းတွေ အတွက် ပါရာစီတမော သောက်ရာမှလွှဲပြီး တခြားတွေတွေကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ သောက်ခြင်းကို ရှောင်ကြဉ်ပါ။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ညွှန်ကြားပါက Oxygen တိုင်း ကိရိယာနဲ့ Oxygen Level ကို စစ်ဆေးပါ။
  • အသက်ရှုရခက်ခဲလာခြင်း၊ အိပ်ရာမှမထနိုင်ခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ ရင်ဘတ် အောင့်ခြင်း (သို့မဟုတ်) မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ မှိန်းခြင်းတွေဖြစ်ပေါ်လာပါက ရောဂါပြင်းထန်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေတွေ့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေကို ချက်ချင်း အကူအညီတောင်းပါ။

အဆင့် (၃) အတူနေသူတွေကို ကာကွယ်ပါ။

  • လေဝင်လေထွက်ကောင်းတဲ့ အခန်းမှာ သီးသန့်နေထုင်ခြင်း၊ အခြားသူတွေနဲ့ ခပ်ဝေးဝေးနေပါ။ (သို့မဟုတ်) ဖြစ်နိုင်ပါက အနည်းဆုံး တစ်မီတာ အကွယ်မှာ နေထိုင်ပါ။
  • ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင်ပါ။ တစ်မိုးအောက် အတူနေ အခြားသူတွေကိုလည်း ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင်ပါစေ။
  • ဆပ်ပြာနဲ့ ရေ အသုံးပြုပြီး လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောပါ။ (သို့မဟုတ်) ရေမလို လက်သန့်ဆေးရည်ကို အသုံးပြု သန့်စင်ပါ။
  • အစာစားခြင်း၊ အရည်သောက်ခြင်းတွေအတွက် ပန်းကန်ခွက်ယောက်ကို သီးသန့်ခွဲသုံးပါ။
  • မိမိရဲ့ စွန့်ပစ်ပစ္စည်းတွေကို သေချာစွာ ထုတ်ပိုးပြီး အဖုံးပါတဲ့ အမှိုက်ပုံးထဲ သီးသန့်စွန့်ပစ်ပါ။ သီးသန့်ဖယ်ရှားပေးပါ။
  • မိမိကို ပြုစုစောင့်ရှောက်ပေးသူရဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းကို သေချာစွာ ဝတ်ဆင်ပါစေ။ ဆပ်ပြာနဲ့ ရေ အသုံးပြုပြီး လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောစေပါ။ (သို့မဟုတ်) ရေ မလို လက်သန့်ဆေးရည်ကို အသုံးပြု သန့်စင်စေပါ။
  • လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။

အဆင့် (၄) သွေးတွင်း အောက်ဆီဂျင်တိုင်းတာစက် (Plus Oximeter) အသုံးပြုရန်။

  • စိတ်ချ လုံခြုံစွာ မည်သို့ အသုံးပြုရမည်ဆိုတာကို သေချာသိအောင် လုပ်ပါ။ မိမိကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူက သေချာပြောပြပေးပါလိမ့်မယ်။ (သို့မဟုတ်) မေးပါ။
  • သွေးတွင်း အောက်ဆီဂျင်တိုင်းတာစက် (Plus Oximeter) ကို အသုံးပြုပြီး တစ်နေ့ (၃) ကြိမ် သွေးတွင်းက အောက်ဆီဂျင်ကို တိုင်းတာပါ။ (သို့မဟုတ်) မိမိကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ပေးတဲ့ အကြံပြုချက်ကို လိုက်နာပါ။

အဆင့် (၅) သွေးတွင်း အောက်ဆီဂျင် အနည်းအများ ပမာဏာက အလွန်အရေးကြီးပါတယ်။ မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ပေးတဲ့အကြံပြုချက်တွေကို လိုက်နာပါ။

  • သွေးတွင်း အောက်ဆီဂျင် မည်မျှရှိသည်ဖြစ်စေ- အသက်ရှုရခက်ခဲလာခြင်း၊ အိပ်ရာမှမထနိုင်ခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ ရင်ဘတ် အောင့်ခြင်း (သို့မဟုတ်) မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ မှိန်းခြင်းတွေဖြစ်ပေါ်လာပါက ရောဂါပြင်းထန်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေတွေ့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေကို ချက်ချင်း အကူအညီတောင်းပါ။
  • မိမိရဲ့ သွေးတွင်း အောက်ဆီဂျင် (၉၄) ရာခိုင်နှုန်းနဲ့ အထက်ရှိပါက အထက်မှာ ပြောထားတဲ့အတွင်း သွေးတွင်း အောက်ဆီဂျင်ပမာဏာကို ဆက်လက်တိုင်းတာနေပါ။
  • မိမိရဲ့ သွေးတွင်း အောက်ဆီဂျင် (၉၀) ရာခိုင်နှုန်း အထက် (၉၄) ရာခိုင်နှုန်း အောက်ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင်ပါ။ (သို့မဟုတ်) ဆေးရုံတက်ရောက် ကုသခွင့် ရယူပါ။ မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက အောက်ဆီဂျင်ရှုရန် အကြုံပြုပါက (မလိုအပ်ပေမယ့်လည်း) အောက်ဆီဂျင်ရှုပါ။
  • မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက စတီးရိုက် (Steroid) ဆေးတွေ ညွှန်ကြားပါက ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။ စတီးရိုက် (Steroid) ဆေးတွေကို မိမိ သဘောနဲ့ သောက်သုံးခြင်းမျိုး မပြုလုပ်သင့်ပါ။
    အိမ်ရာမှာ ဟိုဘက်သည်ဘက်(ဘယ်၊ညာ) လှည့်ခြင်း၊ ဝမ်းလျားမှောက်အိပ်ခြင်း၊ ပက်လက်အိပ်ခြင်း၊ ထိုင်နိုင်ပါက မတ်မတ်ထိုင်ခြင်းတို့ကို (၂) နာရီခြား တစ်ခါ ပြုလုပ်ပေးပါ။
  • မိမိရဲ့ သွေးတွင်း အောက်ဆီဂျင် (၉၀) ရာခိုင်နှုန်းနဲ့ အောက်ရှိပါက ပြင်းထန်တဲ့ Covid-19 ရောဂါဖြစ်ပါတယ်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင်ပြီး ချက်ချင်း ဆေးရုံတက်ရောက် ကုသမှု ခံယူပါ။
    မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက အကြုံပြုချက်အတိုင်း အောက်ဆီဂျင်ရှူပါ။ မိမိရဲ့ ကျန်းမရေး စောင့်ရှောက်ပေးမှုပေးသူက ညွှန်ကြားချက်အတိုင်း စတီးရိုက် (Steroid) ဆေးတွေ သောက်သုံးပါ။
  • အိပ်ရာမှာ ဟိုဘက်သည်ဘက်(ဘယ်၊ညာ) လှည့်ခြင်း၊ ဝမ်းလျားမှောက်အိပ်ခြင်း၊ ပက်လက်အိပ်ခြင်း၊ ထိုင်နိုင်ပါက မတ်မတ်ထိုင်ခြင်းတို့ကို (၂) နာရီခြား တစ်ခါ ပြုလုပ်ပေးပါ။
  • အသက်ရှုရခက်ခဲလာခြင်း၊ အိပ်ရာမှမထနိုင်ခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ ရင်ဘတ် အောင့်ခြင်း (သို့မဟုတ်) မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ မှိန်းခြင်းတွေဖြစ်ပေါ်လာပါက ရောဂါပြင်းထန်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေတွေ့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေကို ချက်ချင်း အကူအညီတောင်းပါ။

Photo- Internet
Source- World Health Organization
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top