နောက်နှစ်ပတ်အတွင်း ကိုဗစ်ရောဂါပြန့်ပွားနှုန်း တက်လာနိုင်တယ်လို့ဆို

17-11-2020-yyl-019.jpg

ရန်ကုန် နိုဝင်ဘာ ၁၇

ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာ လူစုလူဝေးတွေဖြစ်ခဲ့တဲ့အတွက် နောက်တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ကိုဗစ်ရောဂါပြန့်ပွားနှုန်း တက်လာနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန့်ခွန်းကနေတစ်ဆင့် သတိပေးပြောကြားလိုက်ပါတယ်။

လူစုလူဝေးဖြစ်ရင် ရောဂါပြန့်ပွားနိုင်တဲ့ အလားအလာများတဲ့အတွက် သတိထားရမှာဖြစ်ပြီးတော့ အခု အချိန်မှာ ရန်ကုန်တိုင်းအပြင် ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း ရောဂါပြန့်ပွားမှုနှုန်း အနည်းငယ် တက်လာတယ်လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် ပညာရှင်တွေရဲ့ သုံးသပ်ချက်နဲ့ အတွေ့အကြုံတွေအရ ကိုဗစ်ရောဂါပိုးဟာ အေးတဲ့ရာသီမှာ ပိုပြီး ပွားများရှင်သန်တဲ့သဘောရှိတဲ့အတွက် ရာသီဥတုအေးလာပြီးတော့ ဆောင်းတွင်းရောက်လာတာနဲ့အမျှ ပိုပြီးတော့ သတိထားဖို့လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့နှုန်းဟာ ပျှမ်းမျှအားဖြင့် တစ်နေ့ကို တစ်ထောင်လောက် တွေ့နေရပြီး တန့်နေတဲ့သဘောရှိပေမယ့် အဲဒီနှုန်းကနေ အောက်ကျလာအောင် အားလုံးဝိုင်းဝန်းကြိုးစားကြရမယ်လို့ သူမက ဆိုပါတယ်။

အဲဒီအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဒီရက်ပိုင်းအတွင်းမှာ ကြေညာချက် ထပ်ထုတ်ပြီးဖြစ်တဲ့အတွက် စည်းမျဥ◌်းစည်းကမ်းတွေကိုမလိုက်နာဘူးဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူရပါ လိမ့်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးလိုက်ပါတယ်။

Photo – Myanmar State Counsellor Office

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top