ရန်ကုန်(၄)မြို့နယ်မှာ တောင်သူတွေကိုယ်တိုင်ရောင်းချပေးသွားမယ့် တောင်သူဈေးကားအစီအစဥ်ကို နောက်နှစ်ရက်အတွင်းဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ တောင်သူဈေးကားကော်မတီရဲ့ ပြန်ကြားရေး တာဝန်ခံ ဒေါ်ဒါလီက ရိုးရာလေးကို ပြောပါတယ်။

”ရှမ်းပြည်နယ် နောင်တရားကတောင်သူတွေရဲ့ကားက မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ ရောက်မှာပေါ့။ ရောက်ရောက်ချင်း စရောင်းမယ်။ ဒီနေ့ကားရောက်တယ်ဆိုရင် မနက်ဖြန်လောက်မှာ ထွက်နိုင်အောင် ဆောင်ရွက် မှာပါ”လို့ သူမက ပြောပါတယ်။

ရှမ်းပြည်နယ် နောင်တရားတောင်သူတွေ၊ ပင်လောင်းတောင်သူတွေ၊ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံတောင်သူ တွေကိုယ်တိုင်က တောင်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာပနဲ့ သင်္ကန်းကျွန်းမြို့နယ်တွေမှာ တောင်သူဈေးကားနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အခုလိုရောင်းချရာမှာ အဲဒီ(၄)မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုနဲ့အတူ COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဒေါ်ဒါလီက ဆိုပါတယ်။

နောင်တရား/ပင်လောင်းကုန်(ခရမ်းချဥ◌်၊ အာလူး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး)၊ ပင်းတယ ကြက်သွန်နီ၊ ရန်ကုန်ကုန်(ချဥ◌်ပေါင်၊ ကန်စွန်း၊ ကင်ပွန်း၊ ဘုံလုံ၊ ဗူး၊ ဖရုံ၊ ဆူးပုပ်၊ ဟင်းနုနယ်၊ ဂွေးတောက်၊ မုန်ညင်း၊ ခဝဲ၊ ခရမ်း၊ မုံလာ)စတာတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

တောင်သူဈေးကားကို သက်ဆိုင်ရာမြို့နယ်ကသတ်မှတ်နေရာမှာ ရပ်နားပြီး တစ်နေ့တာကုန်တွေကို လက်ကျန်မထားဘဲ အပြီးရောင်းချမှာဖြစ်ပါတယ်။ ကုန်အပေါ်မူတည်ပြီး ဖိတ်ခေါ်တဲ့ ဝန်ထမ်းအိမ်ရာတွေကို လာရောက်ရောင်းချနိုင်ဖို့လည်း စီစဥ◌်သွားမယ်လို့ သိရပါတယ်။
Photo – MFVP
KST(ရိုးရာလေး)