ဒီဇိုင်းဆန်းသစ်လှပပြီး realme ၏ အပါးဆုံးဖုန်းအဖြစ် စံချိန်တင်ထားသည့် realme C53 ကို ဇွန်လ ၂၄ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင် ရောင်းချပေးလျက်ရှိ

27.6.2023-yyl-1.jpg

“33W အစွမ်းအံ့မခန်း၊ ၁၅မိနစ်အားသွင်း ၄ နာရီ Social သုံး” ထုတ်ကုန်ဆောင်ပုဒ်နှင့် အသစ်ထွက်ရှိလာသည့် realme C53 စမတ်ဖုန်းကို ဇွန်လ (၂၄)ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းဆိုင်များမှတစ်ဆင့် စတင်ရောင်းချပေးနေပြီဖြစ်သည်။ realme C53 ကို RAM 6GB နှင့် ROM 128GB version ကိုဈေးနှုန်း ၄၆၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Champion Gold နှင့် Mighty Black ၂ရောင်ကို ရွေးချယ်နိုင်မည် ဖြစ်သည်။ မူလပါဝင်သည့် RAM 6GB ကိုလည်း (Dynamic RAM Expension) နည်းပညာထည့်သွင်း ပေးထားခြင်းကြောင့် RAM 12GB အထိ အမြင့်ဆုံးတိုးမြှင့် အသုံးပြုနိုင်ဦးမည်ဖြစ်သည်။

relame C53 အတွက် First Sale Event ကို Myanmar Plaza အရောင်းစင်တာတွင် ဇွန်လ (၂၄) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနုပညာရှင် Bobby Soxer ကလည်း ပါဝင်တက်ရောက်ကာ သူမ၏ Fan များနှင့်အတူ တွေ့ဆုံစကားပြောခြင်း၊ ဓာတ်ပုံအတူတကွရိုက်ခြင်း၊ ဂိမ်းများအတူတူကစားခြင်း၊ Bobby Soxer ကိုယ်တိုင် လက်မှတ်ထိုးထားသည့် အမှတ်တရ T-shirt များ ပြန်လည်ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ realme C53 Promotion ဧရိယာအတွင်း စင်တာသို့ လာရောက်ကြသည့် ဧည့်သည့် ပရိသတ်များစွာကလည်း ဂိမ်းများ ပါဝင်ကစားခြင်း၊ Hashtag ဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့ကြသလို realme ဘက်မှ ဗလာမပါ အမှတ်တရ ဆုလက်ဆောင်များ၊ ရေခဲမုန့်နှင့် Cotton Candy တို့ကို ပြန်လည်ပေးအပ်ခဲ့သည်။ ထို့အပြင် အဖွဲ့လိုက် အကဖျော်ဖြေတင်ဆက်မှုများကိုပါ ထည့်သွင်းပေးခဲ့ပြီး ဆက်ကျော်သက်လူငယ်များစွာက နှစ်ခြိုက် အားပေးခဲ့ကြသည်။

realme C53 တွင် အားသွင်းမြန်ဆန်သည့် 33W SUPERVOOC အားသွင်းစနစ်နှင့်အတူ 5000mAh ဘက်ထရီကို ထည့်သွင်းပေးထားခြင်းကြောင့် နာရီဝက်အားသွင်းရုံဖြင့် အား ၅၀ရာခိုင်နှုန်းအထိ ရရှိစေမည်ဖြစ်သည်။ ၇.၄၉ မီလီမီတာ အထူသာရှိသည့် Champion Design ဖြင့် ဖန်တီးထုတ်လုပ် ပေးထားပြီး လက်ရှိ realme ထုတ်ကုန်များထဲတွင် အပါးဆုံး စမတ်ဖုန်းစံချိန်ကိုပါ realme C53 က ပိုင်ဆိုင်ရယူထားခြင်းဖြစ်သည်။ 50MP ပင်မ ကင်မရာတွင် အဆင့်မြင့် feature များကိုပါ ထည့်သွင်းပေးထားခြင်းကြောင့် ယခင်ထက် ပိုမိုကောင်းမွန်သည့် ဓာတ်ပုံများကို ရိုက်ယူနိုင်စေမည်ဖြစ်သည်။ ရှေ့ဘက်တွင် 8MP Selfie ကင်မရာကို တပ်ဆင်ပေးထားသည်။

6.74-inch HD LCD မျက်နှာပြင်တွင် ထိတွေ့တုံ့ပြန်မှု ပိုကောင်းစေရန် 90Hz Refresh Rate ကိုပါ အားဖြင့်ထည့်သွင်းပေးထားသည်။ Unisoc T612 Chipset ဖြင့် Octa-core စွမ်းဆောင်ရည်ကို ရရှိစေမည်ဖြစ်ပြီး MLBB ဂိမ်းများကိုလည်း Default Setting တွင် ကောင်းမွန်စွာ ဆော့ကစားနိုင်မည်ဖြစ်သည်။ realme C53 တွင် ဖုန်းသုံးစွဲမှု ပိုမိုသွက်လက်စေရန်အတွက် Android 13 တွင်အခြေခံထားသည့် realme UI T Edition နှင့် တွဲဖက်ပေးထားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top