Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ

15-10-2020-yyl-026.jpg

(အောက်တိုဘာ ၈ ရက်မှ ၁၅ ရက်အတွင်း)
ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။ အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ ဒလမြို့နယ် အံ့ကြီးရပ်ကွက်က အိမ်ထောင်စုတွေ၊ တောင်ဒဂုံမြို့နယ် (၆၀) ရပ်ကွက်က အိမ်ထောင်စုတွေ၊ မင်္ဂလာဒုံမြို့နယ်က အိမ်ထောင်စုတွေနဲ့ လှိုင်သာယာမြို့နယ်က အိမ်ထောင်စုတွေကို အခြေခံစားသောက်ကုန်တွေနဲ့ ငွေသားတချို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းလူငယ်ရေးရာမှ စေတနာ့ဝန်ထမ်းတွေကို Enervon-C (2000 Tab) လှူဒါန်းခဲ့သလို ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ကိုလည်း PPE (30) လှူဒါန်းခဲ့ပါတယ်။
Clean Yangon ရဲ့ အပတ်စဉ်သောကြာနေ့တိုင်းပြုလုပ်တဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။

မင်္ဂလာဒုံမြို့နယ်က အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀) အတွက် အိမ်ထောင်စု တစ်စုကို ငွေ (၁) သောင်းကျပ်ဆီ အောက်တိုဘာ (၁၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။ FCPN (Free Cash Program for the Needy) မှ Clean Yangon ကို လှူဒါန်းထားတဲ့ အလှူငွေများထဲမှ ပြန်လည်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်က အခြေခံလူတန်းစားအိမ်ထောင်စု (၂၅၀) အတွက် ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေကို အောက်တိုဘာ (၁၃) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းလူငယ်ရေးရာမှ စေတနာ့ဝန်ထမ်းတွေကို အောက်တိုဘာ (၁၃) ရက်နေ့က Enervon-C (2000 Tab) လှူဒါန်းခဲ့ပါတယ်။

ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ကို အောက်တိုဘာ (၁၂) ရက်နေ့က PPE (30) လှူဒါန်းခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်က အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၀) အတွက် ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေကို အောက်တိုဘာ (၁၂) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်က အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀) အတွက် ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေကို အောက်တိုဘာ (၁၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်၊ (၆၀) ရပ်ကွက်အတွင်းက အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀) အတွက် ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေကို အောက်တိုဘာ (၁၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးကို အောက်တိုဘာ (၁၀) ရက်နေ့က အာဟာရ ဒါန၊ ထမင်းဗူး (၁၇၀) သွားရောက်လှူဒါန်းခဲ့ပါတယ်။ Covid-19 Ward (ရန်ကုန်ဆေးရုံကြီး) ကိုလည်း အောက်တိုဘာ (၁၀) ရက်နေ့က ငွေ (၂၅၀,၀၀၀) ကျပ် သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဝေဘာဂီဆေးရုံ၊ အနောက်ပိုင်းဆေးရုံ နဲ့ ရန်ကုန်အထွေထွေဆေးရုံသစ်ကြီးတို့ကို အောက်တိုဘာ (၉) ရက်နေ့က အာဟာရ ဒါန၊ ထမင်းဗူး (၅၈၀) သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒလမြို့နယ်၊ အံ့ကြီးရပ်ကွက်အတွင်းက အခြေခံလူတန်းစားအိမ်ထောင်စု (၅၀၀) အတွက် ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေကို အောက်တိုဘာ (၈) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

Photos- Clean Yangon

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top