ကွန်ဖူးမာစတာတွေကို ကျော်ဖြတ်ပြီး ရှောင်လင်ကွန်ဖူးကြယ်ပွင့်ဆု ဆွတ်ခူးသွားတဲ့ ၉ နှစ်သမီး

8.8.2024-yyl-5.png

ကမ္ဘာ့ရှောင်လင်ပြိုင်ပွဲမှာ နာမည်ကျော်ကွန်ဖူးမာစတာတွေကို နောက်ကောက်ချပြီး ရှောင်လင်ကွန်ဖူးကြယ်ပွင့်ဆု ရယူသွားနိုင်ခဲ့သူက ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်နေလို့ လူအများ အံ့အားသင့်ခဲ့ရပါတယ်။ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ နေထိုင်တဲ့ ကျန်းဆီယွမ်ရဲ့ ကွန်ဖူးစွမ်းရည်က အမှတ်ပေးဒိုင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ။

ဟီနန်ပြည်နယ်မှ ရှောင်လင်ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ အခုနှစ် ကမ္ဘာ့ရှောင်လင်ပြိုင်ပွဲမှာ နိုင်ငံနဲ့ ဒေသပေါင်း ၄၇ နိုင်ငံမှ ကွန်ဖူးမာစတာ ၁၂၄ ယောက် ပြိုင်ပွဲဝင်ခွင့်ရခဲ့ပြီး ၁၀ ယောက်ကိုပဲ ရှောင်လင်ကွန်ဖူးကြယ်ပွင့်ဆု ချီးမြှင့်တာ ဖြစ်ပါတယ်။ ကျန်းဆီယွမ်ဟာ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ချိကုန်းပညာရပ်တွေကို ပြသနိုင်ခဲ့လို့ ဒိုင်တွေရော၊ ပရိသတ်တွေပါ အံ့အားသင့်ခဲ့ပြီး ရှောင်လင်ကွန်ဖူးကြယ်ပွင့်ဆု ချီးမြှင့်ခံခဲ့ရတာပါ။

ကျန်းဆီယွမ်ဟာ ၄ နှစ်သမီး အရွယ်ကတည်းက ကွန်ဖူး သင်ခဲ့တာဖြစ်ပြီး ညဉ့်နက်သန်းခေါင်အထိ လေ့ကျင့်ရရင်လည်း ညည်းငြူတာမျိုး မရှိဘူးလို့ ကျင်းကျောက်သိုင်းပညာကျောင်းမှ သူ့ရဲ့နည်းပြဆရာက ပြောပါတယ်။

Ref: Incredibly Skilled 9-Year-Old Girl Stuns Audience at World Shaolin Kung Fu Games
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top