၁၁ နှစ်အရွယ် အိန္ဒိယမိန်းကလေးငယ်က မျက်စိဝေဒနာ စစ်ဆေးနိုင်တဲ့ app တစ်ခုကို ၆ လတည်းနဲ့ ဖန်တီး

21.4.2023-yyl-iamge-27.jpg

ဒူဘိုင်းမှာနေတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးငယ် လီနာရာဖိက မှတ်ဉာဏ်တုနည်းပညာ အသုံးပြုပြီး မျက်စိဝေဒနာ အမျိုးမျိုး ရှာဖွေစစ်ဆေးပေးနိုင်တဲ့ application တစ်ခုကို ဖန်တီးခဲ့ပါတယ်။ တကယ်တော့ လီနာရာဖိက ၁၀ နှစ်သမီးအရွယ်မှာ Ogler EyeScan app ကို ဖန်တီးခဲ့တာပါ။ သုတေသနလုပ်ဖို့နဲ့ ဒီ app ကို ဖန်တီးဖို့ သူက အချိန် ၆ လပဲ ကြာခဲ့ပါတယ်။

အလင်း၊ အရောင်တောက်ပမှု၊ မျက်စိတည်နေရာ အနေအထား အစရှိတဲ့အချက်တွေကို အသုံးပြုပြီး ဒီ app ကို ဖန်တီးခဲ့တာပါ။ iPhone နဲ့ Scan ဖတ်ပြီး စစ်ဆေးကြည့်နိုင်အောင် ဖန်တီးထားပါတယ်။ လက်ရှိအချိန်မှာတော့ Ogler EyeScan app ကို Apple’s app store ပေါ်တင်ဖို့ ခွင့်ပြုချက် စောင့်ဆိုင်းလျက်ရှိပါတယ်။

Ref: MEET 11-YEAR-OLD MALAYALI LEENA RAFEEQ, THE CREATOR OF OGLER EYESCAN

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top