Kodi Lee (သို့) ယုံကြည်ချက်ထားပြီးကြိုးစားသမျှဟာ အချည်းနှီးမဖြစ်ဘူးလို့သက်သေပြခဲ့သူ

kodi-lee-gabrielle-union-golden-buzzer-americas-got-talent-01.jpg

America’s Got Talent ရဲ့ Season (14) မှာတော့ ကြည့်ရှုအားပေးသူတွေကို စိတ်ခွန်အားပေး၊ လွှမ်းမိုးနိုင်ခဲ့မှုမှာ ဘယ်ပြိုင်ပွဲဝင်မှ ကိုဒီ လီ (Kodi Lee) ဆိုတဲ့ တေးသံရှင်လေးကို မကျော်ဖြတ်နိုင်ခဲ့ကြပါဘူး။

သူက တခြားသူတွေထက် ဘာများထူးခြားနေလို့ဖြစ်မလဲ?…ဘာမှမထူးခြားပါဘူး..မထူးခြားတဲ့အပြင် တခြားပြိုင်ပွဲဝင်အများစုလို ပုံမှန်အခြေအနေနဲ့ ရှင်သန်နေရသူတောင် မဟုတ်တာပါ။ အမြင်အာရုံမရှိတဲ့အပြင် အော်တစ်ဇင်ရောဂါရှင်တစ်ဦးလည်းဖြစ်နေပေမဲ့ အသက် (၂၂) နှစ်သား လီက ဂီတပညာရှင်တစ်ဦးဖြစ်လာဖို့ဆိုတဲ့ရည်ရွယ်ချက်ကို သူ့လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။

ဒီ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းသားလေးက နေ့ရက်တိုင်းမှာ တစ်ခုခုတော့ထူးခြားနေရမယ် လို့ မှတ်ယူထားသူဖြစ်ပါတယ်။ အခုတော့ AGT ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့သူ့အတွက် သာယာလှပတဲ့နေ့ရက်တွေက အသင့်ရှိနေပါပြီ။

ဂီတပညာရှင်တစ်ဦးဆိုတာထက်ကို ပိုထူးခြားတဲ့စွမ်းရည်တွေကိုလည်း သူက ပိုင်ဆိုင်ထားပါသေးတယ်

စစ်မှန်တဲ့ဂီတပညာရှင်တစ်ဦးဆိုတာထက်ကို ပိုထူးခြားတဲ့စွမ်းရည်တွေကိုလည်း သူက ပိုင်ဆိုင်ထားပါသေးတယ်။ ဒီလိုဆိုရတာကတော့ လီ ဟာ တစ်ကမ္ဘာလုံးမှာ (၂၆) ယောက်ပဲရှိတဲ့ ဂီတကိုသက်ဝင်ခံစားနိုင်မှုစွမ်းရည်၊ ပြီးပြည့်စုံတဲ့အသံအင်အားအပြင် သီချင်းတစ်ပုဒ်ကိုတစ်ကြိမ်နားထောင်ရုံနဲ့ မှတ်မိနေနိုင်တဲ့ မှတ်ဉာဏ် စတာတွေကို ပိုင်ဆိုင်ထားသူတွေထဲက တစ်ယောက်ဖြစ်နေလို့ပါပဲ။

တစ်ကမ္ဘာလုံးမှာ (၂၆) ယောက်ပဲရှိတဲ့ ဂီတကိုသက်ဝင်ခံစားနိုင်မှုစွမ်းရည်၊ ပြီးပြည့်စုံတဲ့အသံအင်အားအပြင် သီချင်းတစ်ပုဒ်ကိုတစ်ကြိမ်နားထောင်ရုံနဲ့ မှတ်မိနေနိုင်တဲ့ မှတ်ဉာဏ် စတာတွေကို ပိုင်ဆိုင်ထားသူတွေထဲက တစ်ယောက်ဖြစ်

လီ က ဂန္တဝင်ဂီတကိုပိုင်နိုင်သလို ရော့ခ်၊ ပေါ့ပ်နဲ့ ရစ်သမ် အင်န် ဘလူးစ် လိုဂီတအမျိုးအစားတွေကိုလည်း ကောင်းကောင်းဆိုနိုင်ပါတယ်။ တူရိယာ (6) မျိုးကို ဆရာကျကျတီးမှုတ်နိုင်တဲ့ သူက Tap Dance ကိုလည်း နှစ်သက်တဲ့သူတစ်ယောက်ပါ။

လက်ပေါက်အကတ်ဆုံးဒိုင်လို့ နာမည်ကြီးသူ ဆိုင်မွန် (Simon Coewll) က “သူ့အရည်အသွေးက တကယ်မယုံနိုင်စရာပဲဗျ…ပရိသတ်တွေက သူ့ကိုသေချာပေါက်ချစ်ကြလိမ့်မယ်လို့ ကျုပ်တော့မျှော်လင့်တယ်” လို့ USA Today ကို ပြောပြခဲ့

တကယ့်ပွဲမတိုင်ခင်မှာ ဘယ်ပြိုင်ပွဲဝင်ကိုမှသုံးသပ်မှုလုပ်လေ့မရှိတဲ့ လက်ပေါက်အကတ်ဆုံးဒိုင်လို့ နာမည်ကြီးသူ ဆိုင်မွန် (Simon Coewll) က “သူ့အရည်အသွေးက တကယ်မယုံနိုင်စရာပဲဗျ…ပရိသတ်တွေက သူ့ကိုသေချာပေါက်ချစ်ကြလိမ့်မယ်လို့ ကျုပ်တော့မျှော်လင့်တယ်” လို့ USA Today ကို လီနဲ့ပတ်သက်ပြီး ပြောပြခဲ့သလို တခြားဒိုင်တစ်ဦးဖြစ်တဲ့ ဂျူလီယာနာ (Juliana) ဟာလည်း လီ ဖျော်ဖြေနေတာကိုကြည့်ရင်း ပီတိမျက်ရည်တွေဝေနေခဲ့ပါတယ်။

ဖျော်ဖြေယှဉ်ပြိုင်မှုအပြီးမှာ လီ အတွက် အမှန်တကယ်ထိုက်တန်တဲ့ဆုကို ဒိုင်အသစ်ဖြစ်သူ ဂါဘရီရယ်လ် ယူနီယံ (Gabrielle Union) က ပေးအပ်လိုက်ပါတယ်

ဖျော်ဖြေယှဉ်ပြိုင်မှုအပြီးမှာ လီ အတွက် အမှန်တကယ်ထိုက်တန်တဲ့အထူးဆုလာဘ်တစ်ခုကို ဒိုင်အသစ်ဖြစ်သူ ဂါဘရီရယ်လ် ယူနီယံ (Gabrielle Union) က ပေးအပ်လိုက်ပါတယ်။ အဲဒါကတော့ ပြိုင်ပွဲဝင်တိုင်း ရင်ခုန်မျှော်လင့်တတ်ကြတဲ့ Golden Buzzer ပါပဲ။

သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရုံတင်မက ပရိသတ်တွေအတွက်လည်း ပီတိတွေ၊ စိတ်ဓာတ်ခွန်အားတွေပေးခဲ့တဲ့ လီ

လီ က ဒီပွဲမှာ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရုံတင်မဟုတ်ပါဘူး။ မြောက်မြားစွာသောပရိသတ်တွေအတွက်လည်း ပီတိတွေ၊ စိတ်ဓာတ်ခွန်အားတွေကို ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Ref: Heavy.com
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top