ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နယ်စပ်မှာ နှစ်ဖက်တပ်ဖွဲ့တွေကို အချိန်တိုအတွင်း ဆုတ်ခွာခိုင်းဖို့ အိန္ဒိယနဲ့ တရုတ် သဘောတူ

11-9-2020-yyl-017.jpg

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဖက်တပ်ဖွဲ့တွေကို အချိန်တိုအတွင်း ဆုတ်ခွာခိုင်းဖို့ သဘောတူညီခဲ့တယ်လို့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ သဘောတူညီခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ရုရှားနိုင်ငံ မော်စကိုမြို့မှာ အိန္ဒိယနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှု ဖြေလျှော့သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့ တရုတ် နယ်ခြားစောင့် စစ်သည်တွေဟာ ရေအိုင်တွေ၊ နှင်းဖုံးတောင်တန်းတွေ၊ ချောက်တွေကြောင့် တိကျသေချာမှု အားနည်းတဲ့ နယ်စပ်ထိန်းချုပ်ရေးစည်းတစ်လျှောက်မှာ တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

နှစ်နိုင်ငံလုံးက ပိုင်နက်ကျူးကျော်တယ်လို့ အပြန်အလှန်စွပ်စွဲလေ့ရှိပြီး တိုက်ခိုက်မှုတွေမှာ လူသေဆုံးတာမျိုး ရှိခဲ့ပါတယ်။ ” လက်ရှိအခြေအနေက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ အဲဒီအတွက် နှစ်ဖက်စလုံးရဲ့ နယ်စပ်စစ်သည်တွေ ဆွေးနွေးမှုလုပ်ပြီး လျှင်မြန်စွာ ဆုတ်ခွာကြဖို့၊ သင့်တော်တဲ့ အကွာအဝေးတစ်ခုထားရှိပြီး တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူညီခဲ့ပါတယ်”လို့ အိန္ဒိယနိုင်ငံခြားရေးယန်ကြီး ဂျိုင်ရှန်ကာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းသာယာမှုကို ထိန်းသိမ်းစေနိုင်မယ့် စည်းမျဉ်းသစ်တွေ ချမှတ်နိုင်ဖို့ အလျှင်အမြန် အကောင်အထည်ဖော်သွားမယ်လို့ ဆိုထားပါတယ်။ ၁၉၆၂ ခုနှစ်မှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ ချုပ်ဆိုခဲ့တဲ့ သဘောတူညီမှုအရ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်တစ်လျှောက် လက်နက်တွေ အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ဆက်ဆံရေးအခြေအနေ အဆိုးရွားဆုံးဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အိန္ဒိယစစ်သည်တွေက နယ်စပ်ဖြတ်ကျော်ပြီး ကင်းလှည့်နေတဲ့ တရုတ်စစ်သည်တွေကို ကျူးကျော်ရန်စ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံက စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး တရုတ်နယ်ခြားစောင့်တပ်ဖွဲ့က လေထဲကို သေနတ်ပစ်ဖောက်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

ဇွန်လ ၂၀ ရက်က ဟိမဝန္တာနယ်စပ်မှာ အိန္ဒိယစစ်သည်တွေနဲ့ တရုတ်စစ်သည်တွေ သံတုတ်တွေ အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံးအိန္ဒိယစစ်သည် အယောက် ၂၀ သေဆုံးခဲ့ပါတယ်။
Ref: BBC ” India and China to ‘quickly disengage’ from border standoff”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top