ဆယ်စုနှစ်များစွာ အိပ်မက်မက်ခဲ့ရတဲ့ ရူပဗေဒပါရဂူဘွဲ့ကို အသက် ၈၉ နှစ်မှာ ရယူနိုင်ခဲ့တဲ့ အဘိုးအို

23-11-2021yyl5.jpg

Ivy League ကျောင်းတစ်ခုခုကနေ ဘွဲ့ရယူနိုင်တာက အထင်ကြီးလောက်စရာအောင်မြင်မှုတစ်ခုပါပဲ။ အသက် ၈၉ နှစ် အရွယ် အဘိုး မန်ဖရက်တ် စတိန်နာ (Manfred Steiner) ကတော့ Ivy Leagure School ကနေ ရိုးရိုးဘွဲ့တင်မဟုတ်ဘဲ ရူပဗေဒပါရဂူဘွဲ့ကိုပါ ရရှိခဲ့တာပါ။ အဘိုး စတိန်နာက ရူပဗေဒပညာရှင်ဖြစ်ဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့တာပါ။ ဒါကြောင့် အသက် ၇၀ အရွယ်မှာ Ivy League School ဖြစ်တဲ့ Brown Universtiy မှာ အတန်းစတင်တက်ရောက်ခဲ့ပါတယ်။

အခု အသက် ၈၉ နှစ်ရှိပြီးဖြစ်တဲ့ စတိန်နာဟာ သူ့ရဲ့မိသားစုတွေက ရူပဗေဒအစား ဆေးပညာကို သင်ယူဖို့ တိုက်တွန်းလို့ ဆေးပညာဘွဲ့ယူထားသူလည်းဖြစ်ပါတယ်။ ဇီဝဓာတုပါရဂူဘွဲ့ကို ရယူခဲ့ပြီး အဲဒီနောက် သွေးရောဂါဗေဒပညာရှင်ဖြစ်လာခဲ့ပါတယ်။ ကျောင်းမှာ သွေးရောဂါတွေကို သုတေသနပြုလုပ်ခဲ့ရပါတယ်။ Brown University က ဆေးကျောင်းရဲ့သွေးရောဂါဗေဒဌာနရဲ့ခေါင်းဆောင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်က အလုပ်ကနေ အနားယူခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ခွင့်မရတဲ့ အငြိမ်းစားယူခြင်းမျိုး လိုချင်ခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် သူက Brown University မှာ ရူပဗေဒအတန်းကို စတင်တက်ရောက်ခဲ့ပါတယ်။ “ဒီနယ်ပယ်က ဘာလို့လဲဆိုရင် တိကျတယ်။ ဆေးပညာမှာ ပုံသေမဟုတ်တဲ့အရာတွေများစွာရှိတယ်လို့ ငါ အမြဲခံစားခဲ့ရတယ်။ ရူပဗေဒမှာ ကိန်းရှင်တချို့တော့ရှိတယ်။ တော်တော်များများက တိကျပါတယ်။ ဒါပေမဲ့ တခြားသိပ္ပံပညာကမ္ဘာက ဘယ်နေရာမှာမဆို ပြိုင်ဘက်ကင်းတဲ့ တိကျမှု၊ အနုစိတ်မှုကို တွေ့ရနိုင်ပါတယ်” လို့ စတိန်နာက ဆိုပါတယ်။

အသက် ၇၀ မှာ အဘိုးစတိန်နာက စာသင်နှစ်တစ်ခုကို အတန်း (၁) တန်း (သို့) (၂) တန်း ယူခဲ့ပြီး နောက်ဆုံးမှာ ဘွဲ့ရအောင် ယူနိုင်ခဲ့ပါတယ်။ “ငါ ဘာလို့ဆက်မလုပ်ရမှာလဲ ငါလည်း ပါရဂူဘွဲ့ရနိုင်တာပဲ။ ဒါက ငါ့ရဲ့အိပ်မက် အမြဲတမ်းဖြစ်ခဲ့တာပဲ။ ငါ ဒါကို ရချင်ခဲ့တယ်”လို့ စတိန်နာက ဆိုပါတယ်။ အခုနှစ်မှာ စတိန်နာက ” Corrections to Geometrical Interpretation of Bosonization” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းပြုစုခဲ့ပြီး ရူပဗေဒပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ “ငါ ပီတိဖြစ်ရတယ်၊ တကယ်ပါ။ ငါလုပ်ခဲ့ပြီ။ ငါတကယ်လုပ်ခဲ့ပြီ”လို့ စတိန်နာက ပြောပါတယ်။

အသက် ၉၀ အရွယ်မှာ စတိန်နာက နောက်ထပ်ပါရဂူဘွဲ့ယူဖို့ အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ “ကျွန်တော်စိတ်ဝင်စားတဲ့ တခြားဘာသာရပ်တွေရှိပါတယ်။ ဒဿနိကဗေဒ၊ သမိုင်းတွေပါ။ ဒါပေမဲ့ ဒါနဲ့ လုံလောက်ပါပြီ. အခု ငါ အမြဲလိုချင်ခဲ့တဲ့ အရာကို ရခဲ့ပါပြီ။ မကြာခင် ငါ အသက် ၉၀ ပြည့်တော့မှာသိပါတယ်။ ဒါပေမဲ့ ရူပဗေဒက ငါ စိတ်ဝင်စားတဲ့အရာပါပဲ။ ဒါနဲ့က ငါ့ရဲ့ဘဝကို အဆုံးသတ်ချင်ပါတယ်”လို့ စတိန်နာက ဆိုပါတယ်။

အခြားအငြိမ်းစားသမားတွေအတွက် စတိန်နာရဲ့အကြံပြုချက်ကတော့ “တွေးတောဆင်ခြင်နိုင်ဖို့ ကိုယ့်ကိုယ်ကို အသစ်သစ်တွေပေးခြင်းဖြင့် သင့်စိတ်ကို ထက်မြက်အောင်ထားပါ”ဆိုတာပါပဲ။ စတိန်နာက လာမယ့်နွေဦးရာသီမှာ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ရမလား မတက်ရောက်ဘူးလားဆိုတာ စဉ်းစားနေပါတယ်။

Ref: CBSNews “89-year-old retiree earns Ph.D. in physics from Ivy League school”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top