ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ပုလဲဆိပ်ကမ်းဗုံးကြဲခံရတဲ့ တိုက်ခိုက်မှုထက် ပိုဆိုးတယ်လို့ ဒေါ်နယ်ထရမ့် ပြော

7-5-2020-yyl-002.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့ပြီး တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှု၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုက ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွေထက် အမေရိကန်နိုင်ငံအပေါ် သက်ရောက်မှု ပြင်းထန်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၁.၂ သန်းကျော် ရှိနေပြီး လူ ၇၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ရဲ့ဘဲဥပုံရုံးခန်းမှာ ဒေါ်နယ်ထရမ့်က ”ကျွန်တော်တို့နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုကို ဖြတ်သန်းနေရပါတယ်။ ဒါက ကျွန်တော်တို့ကြုံဖူးသမျှ အဆိုးရွားဆုံး တိုက်ခိုက်မှုပါ။ ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှုထက် ပိုဆိုးသလို ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုထက်လည်း ပိုဆိုးပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုး တစ်ခါမျှ မကြုံဖူးပါဘူး။ ဒီလိုကိစ္စမျိုး လုံးဝမဖြစ်သင့်ပါဘူး။ စတင်ရာ ရင်းမြစ်မှာ တားဆီးနိုင်ရမှာပါ။ တရုတ်နိုင်ငံမှာတင် တားဆီးနိုင်ရမှာပါ။ ဒါပေမဲ့ မတားဆီးနိုင်ခဲ့ဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top