ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၆၀၀၀ ကျော်ရှိလာ

yyl-031-4.jpg

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့လို့ သေဆုံးသူ ၆၀၀၀ ကျော် ရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောပါတယ်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ ကမ္ဘာပေါ်မှာ ကူးစက်ပျံ့နှံ့မှုအများဆုံးနဲ့ အမြန်ဆုံးဖြစ်တယ်လို့ WHO က မှတ်ချက်ပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း ဝက်သက် ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူ ၃၁၀၀၀၀ နီးပါးရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှာတော့ ကွန်ဂိုအစိုးရနဲ့ WHO က အရေးပေါ် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် စတင် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံတစ်ဝန်းမှာ အသက်ငါးနှစ်အောက် ကလေးငယ် ၁၈ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ WHO က ပြောပါတယ်။ဒါပေမဲ့ အခြေခံအဆောက်အအုံ အားနည်းပြီး ကျန်းမာရေးစင်တာတွေ တိုက်ခိုက်ခံရတာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ခံယူခွင့်မရတာ စတဲ့ အချက်တွေကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးရေးကြိုးပမ်းမှုတွေ နှောင့်နှေး ကြန့်ကြာခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ် ဇွန်လမှာ ဝက်သက်ရောဂါ ကူးစက်ပျံနှံ့နေတယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း ဒီမိုကရက်တစ်ကွန်ဂို နိုင်ငံရဲ့ ပြည်နယ် ၂၆ ခုလုံးမှာ ဝက်သက်ရောဂါ ပျံ့နှံ့နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံဟာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူသေဆုံးမှုအများဆုံး အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ကြုံခဲ့တဲ့နိုင်ငံပါ။ ဒါပေမဲ့ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူပမာဏဟာ ဝက်သက်ရောဂါကြောင့် သေဆုံးရသူအရေအတွက်ရဲ့ တစ်ဝက်မပြည့်ပါဘူး။ အသက်ခြောက်နှစ်ကနေ ၁၄ နှစ်ကြား အရွယ်ရှိတဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးပြီး ဝက်သက် ရောဂါ ကူးစက်ပျံ့နှံ့မှုကို အင်တိုက် အားတိုက် တုံ့ပြန်နိုင်ဖို့ နောက်ထပ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ လိုအပ်တယ်လို့ WHO က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top