ဘုရားကျောင်းမှာရေစင်လို့ ထင်ပြီးတန်းစီသောက်နေကြတဲ့ရေဟာ လေအေးပေးစက်မှ စိမ့်ထွက်လာခြင်း ဖြစ်

8.11.24-yyl-6.png

အိန္ဒိယဘုရားကျောင်းတစ်ခုမှာ ဆင်ရုပ်တုကနေ စိမ့်ကျလာတဲ့ရေကို အစွမ်းထက် ရေစင်လို့ ထင်မှတ်ပြီး လူပေါင်းများစွာ တန်းစီ စောင့်ဆိုင်းကာ သောက်ခဲ့ကြပေမဲ့ တကယ်တမ်း စစ်ဆေးကြည့်ချိန်မှာတော့ လေအေးပေးစက်ကနေ စိမ့်ထွက်လာတဲ့ရေ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဝရင်ဒါဗန်မြို့မှာ တည်ထားတဲ့ သျှရီဘန်ကီဘီဟာရီဘုရားကျောင်းနံရံမှာ ဆင်ရုပ်တုတစ်ခု ရှိပြီး အဲဒီရုပ်တုကနေ ရေတစ်ပေါက်ချင်း စိမ့်ထွက်နေတာပါ။ ဒါဟာ နတ်ဘုရား ကရစ်သျှနားဆီကနေ စိမ့်ထွက်နေတဲ့ အစွမ်းထက် ရေစင်လို့ ထင်မှတ်ပြီး လူအများအပြားက တန်းစီစောင့်ဆိုင်းကာ သောက်ခဲ့ကြတာပါ။

တကယ်တမ်း အကြောင်းရင်းကို စစ်ဆေးကြည့်ချိန်မှာတော့ လေအေးပေးစက်က စိမ့်ထွက်နေတဲ့ရေဟာ နံရံကို စီးသွားပြီး ဆင်ရုပ်ကနေ တစ်စက်ချင်း ကျနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဂေါပကအဖွဲ့တွေက ဒီရေကို မသောက်သုံးကြဖို့ လူတွေကို တားမြစ်ခဲ့ရပါတယ်။

” လူတွေရဲ့ကိုးကွယ်ယုံကြည်မှုကို ကျွန်တော်တို့ လေးစားပေမဲ့ ဒီကိစ္စမှာ အဖြစ်မှန်ကိုတော့ အသိပေးဖို့ လိုပါတယ်”လို့ ဘုရားဂေါပကအဖွဲ့ဝင် ဂိုဆွာမိက ဆိုပါတယ်။ လေအေးပေးစက်က ထွက်လာတဲ့ရေကိုသောက်တာ အန္တရာယ်မရှိဘူးလို့ ထင်စရာရှိပေမဲ့ လေအေးပေးစက်ထဲမှာ ဘက်တီးရီးယားတွေ၊ မှိုတွေ ကိန်းအောင်းနေနိုင်လို့ ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

Ref: Indian Temple Goers Mistake AC Condensation Dripping on Sculpture for Holy Water
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply