ကောင်းကင်တစ်ခုလုံးမှာရှိတဲ့ X-Ray ရင်းမြစ်တွေကို အသေးစိတ်ဖော်ပြမယ့် ရုရှားနိုင်ငံရဲ့ အာကာသစီမံကိန်း

67166735_2486970084667230_9088775853516521472_n.jpg

ဆိုဗီယက်ခေတ်အလွန်မှာ ရုရှားနိုင်ငံရဲ့ အထူးခြားဆုံး အာကာသသိပ္ပံဆိုင်ရာ ဒုံးပျံတစ်စင်းကို ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနာစခန်းကနေ လွှတ်တင်ခဲ့ပါတယ်။ Proton ဒုံးပျံပေါ်မှာ Spektr-RG နက္ခတာရာကြည့်မှန်ပြောင်း တင်ဆောင်ထားပြီး ကောင်းကင်တစ်ခုလုံးက X-Ray ရင်းမြစ်တွေကို အသေးစိတ်ကျကျ မြေပုံရေးဆွဲဖော်ပြသွားဖို့ ရှိပါတယ်။ နဂါးငွေ့တန်းတွေရဲ့ အလယ်ဗဟိုမှာရှိတဲ့ တွင်းနက်တွေလို X-ray ရင်းမြစ်တွေကို အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပြီး X-ray ရင်းမြစ် (၃) သန်းလောက် ဖော်ထုတ်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။

Proton ဒုံးပျံဟာ ကမ္ဘာမြေကနေ ကီလိုမီတာ (၁.၅) သန်း ကွာဝေးတဲ့ (Lagrange Point 2)နေရာကို ဦးတည်သွားမှာပါ။ အဲဒီနေရာဟာ အရိပ်ကျတာ၊ အပူချိန်ပြောင်းလဲတာတွေကနေ လွတ်ကင်းတဲ့အတွက် စောင့်ကြည့်လေ့လာမှုလုပ်ဖို့ ရေပန်းစားတဲ့နေရာပါ။ ကောင်းကင်တစ်ခုလုံးမှာရှိတဲ့ X-ray ရင်းမြစ်တွေကို အသေးစိတ်မြေပုံရေးဆွဲဖော်ပြမယ့်အတွက် စကြဝဠာ ပြန့်ကားလာတဲ့ဖြစ်စဉ် အရှိန်ရလာတာကို အတွင်းကျကျ ဖော်ပြပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ Spektr-RG နက္ခတာရာကြည့်မှန်ပြောင်းဟာ နက္ခတာရာကြည့်မှန်ပြောင်း (၂) ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ထားတာပါ။ eRosita လို့ အမည်ရတဲ့ နက္ခတာရာကြည့်မှန်ပြောင်းကို ဂျာမနီနိုင်ငံက ဖန်တီးထားတာဖြစ်ပြီး ART-XC ဆိုတဲ့ ဒ
နက္ခတာရာကြည့်မှန်ပြောင်းကိုတော့ ရုရှားနိုင်ငံက ဖန်တီးထားတာပါ။ နက္ခတာရာကြည့်မှန်ပြောင်း (၂) ခုလုံးမှာ အာရုံခံနိုင်တဲ့ ကင်မရာတွေပါဝင်ပြီး X-ray အလင်းတန်းတွေကို စုဆုံစေမယ့် ကြေးမုံပြင် (၇) ချပ် တပ်ဆင်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top