အဆောင်အခန်းထဲမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားခဲ့ရတဲ့ ကောလိပ်ကျောင်းသူလေး

5-11-2020-yyl-008.jpg

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပြီး သေဆုံးစေတယ်လို့ အရင်ကပြောခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ လူငယ်တွေလည်း ကူးစက်ခံနေရပြီး အသက်သေဆုံးနေကြရပါတယ်။ မကြာသေးခင်ကလည်း အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာ COVID-19 ရောဂါလက္ခဏာတွေကို ခံစားရပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ အခုဆိုရင် အဲဒီကျောင်းသူလေးရဲ့မိသားစုက ဗိုင်းရပ်စ်ဟာ အရမ်းပြင်းထန်တယ်ဆိုတာ သိဖို့ အခြားသူတွေကို တောင်းဆိုပြောဆိုနေပါတယ်။

အင်ဒီယားနားပြည်နယ်၊ Grace College က ဘီသနီ နက်ဘစ်တ် (Bethany Nesbitt) ဆိုတဲ့ ကျောင်းသူလေးကို သူ့ရဲ့အဆောင်အခန်းထဲမှာ သေဆုံးနေတာကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရှိခဲ့ရတာပါ။ သူဟာ ကိုဗစ်လက္ခဏာရပ်တွေ (၁၀) ရက်လောက် ရှိခဲ့ပြီး ရောဂါရလဒ်ကို စောင့်ဆိုင်းနေခဲ့ပြီးတဲ့နောက်မှာ အခုလိုသေဆုံးခဲ့တာဖြစ်ပါတယ်။

ကျောင်းသူလေး သေဆုံးရခြင်းအကြောင်းအရင်းက COVID-19 လူနာတွေမှာတွေ့ရတဲ့ သေဆုံးရခြင်းအကြောင်းအရင်းအနေနဲ့ သတ်မှတ်ထားတဲ့ ဦးနှောက်မှာ သွေးခဲခြင်းရလဒ်ဖြစ်တယ်လို့ သူ့အစ်ကို စတီဖန် နက်ဘစ်တ်က ပြောပါတယ်။ စိတ်ပညာဘာသာရပ်ယူထားတဲ့တတိယနှစ်ကျောင်းသူလေးက ပန်းနာရင်ကျပ်ရှိပြီး အရေးပေါ်အခန်းရောက်ခဲ့ရပါတယ်။ ဆရာဝန်တွေက ဘီသနီဟာ COVID-19 ရောဂါပိုးရှိတာဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ဒီလောက်ထိ ပြင်းထန်တဲ့ကိစ္စမဟုတ်ဘူး၊ ပြန်ကောင်းလာလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။

အင်္ဂါနေ့က သေမှုသေခင်းစုံစမ်းစစ်ဆေးရေးအရာရှိ အန်သိုနီ စီရီရယ်လို (Anthony Ciriello) က ကျောင်းသူလေးရဲ့ သေဆုံးရခြင်းအကြောင်းအရင်းဟာ သွေးခဲ့ခြင်းဖြစ်တယ်လို့ တရားဝင်ပြောကြားခဲ့ပါတယ်။ ဘီသနီရဲ့မိသားစုကတော့ သွေးခဲတာက COVID-19 လူနာတွေကြားမှာ အတွေ့ရဆုံးသေဆုံးရခြင်းအကြောင်းဖြစ်ပေမဲ့ COVID-19 လူနာတွေ ဆက်လက်များပြားလာတဲ့အတွက် မပေါ့ဆကြဖို့ အခြားသူတွေကို တိုက်တွန်းပြောဆိုနေပါတယ်။

“ကျေးဇူးပြုပြီး လူငယ်တွေမှာ ဒီဗိုင်းရပ်စ် အရမ်းကူးစက်နိုင်မှာမဟုတ်ဘူးလို့ ယူဆမထားပါနဲ့။ ဘီသနီက အရမ်းသတိထားတာ၊ သူဟာ Mask ဝတ်ဆင်တယ်၊ Social Distancing စည်းမျဉ်းလည်းလိုက်နာတယ်။ ဒါကြောင့် ဒီရောဂါပြင်းထန်တယ်ဆိုတာ အခြားသူတွေ သိထားသင့်တယ်” လို့ တိုက်တွန်းထားပါတယ်။

Ref: CBSNews “Indiana college student with COVID-19 dies in her dorm room”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top