အမေရိကန်ကို ရောက်ချင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တံတားပေါ်က ဖြတ်ခွင့်မရလို့ မြစ်ထဲကနေ ဖြတ်သန်း

yyl-014-13.jpg

အမေရိကန်နိုင်ငံကို ရောက်ရှိဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူရာပေါင်းများစွာဟာ မက္ကဆီကိုနိုင်ငံတောင်ပိုင်းနယ်စပ်က မြစ်တစ်စင်းကို ဖြတ်သန်းခဲ့ကြပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံသား တော်တော်များများ ပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆူချီယက်မြစ်ကူးတံတားကနေ ဖြတ်သန်းခွင့် ငြင်းဆန်ခံရပြီးနောက်မှာ မြစ်ထဲကနေ ဖြတ်သန်းခဲ့ကြတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဖိအားပေးမှုကြောင့် မက္ကဆီကိုနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေမှာ ပိတ်ဆို့ထားပါတယ်။ ဒိုင်းတွေကိုင်ဆောင်ထားတဲ့ မက္ကဆီကိုအမျိုးသားသက်စောင့်တပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို မြစ်ကမ်းပါးပေါ် တက်မလာနိုင်အောင် တားဆီးခဲ့ကြပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာကတော့ တပ်ဖွဲ့ဝင်တွေကြားကနေ တိုးထွက်ဖြတ်သန်းပြီး မက္ကဆီကိုနိုင်ငံထဲ ဝင်ရောက်နိုင်ခဲ့ပုံ ပေါ်ပါတယ်။ မက္ကဆီကိုရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေ အသုံးပြုခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။ မက္ကဆီကိုနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတချို့ကတော့ ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဆူချီယက်မြစ်ကို ကူးဖြတ်ခဲ့ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လူ ၂၀၀၀ ကနေ ၃၅၀၀ နီးပါးပါဝင်တဲ့ 2020 Caravan အုပ်စုမှာ ပါဝင်သူတွေပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top