အင်ဒိုနီးရှားဘောလုံးပွဲမှာ လူအုပ်ပြိုလို့ အနည်းဆုံး ပရိသတ် ၁၂၉ ဦး သေဆုံး

3-10-2022-yyl15.jpg

အင်ဒိုနီးရှားဘောလုံးပွဲစဉ်တစ်ပွဲမှာ လူအုပ်ပြိုလို့ အနည်းဆုံး ပရိသတ် ၁၂၉ ဦး သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပရိသတ်တွေကို မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ပြီးနောက် အခုလို လူအုပ်ပြိုခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် လူ ၁၈၀ ဒဏ်ရာရခဲ့ပါတယ်။

အရှေ့ဂျာဗားပြည်နယ် ဘောလုံးကွင်းမှာ ကစားခဲ့တဲ့ Arema FC နဲ့ Persebaya Surabaya တို့ပွဲစဉ်ကို လာကြည့်တဲ့ ပရိသတ် အရေအတွက်ဟာ ဝင်ဆံ့ပရိသတ်ထက် ၄၀၀၀ ပိုများခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။

ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးမချင်း အင်ဒိုနီးရှားလိဂ်ပွဲစဉ်အားလုံးကို ဆိုင်းငံ့ထားဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ညွှန်ကြားခဲ့ပါတယ်။

Ref: Indonesia: More than 120 dead in football stampede

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top