မီးတောင်ရှင်ပေါ်ကနေ ကြိုးတန်းလမ်းလျှောက်ပြပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်ခဲ့သူနှစ်ဦး

3-10-2022-yyl30.jpg

မီးတောင်ရှင်အပေါ်ကနေ ကြိုးတန်းလမ်းလျှောက်ပြတယ်ဆိုတာ နည်းတဲ့သတ္တိတော့မဟုတ်ဘူး။ အဲဒါကို မြင်ရတာနဲ့တင် ရင်တထိတ်ထိတ်၊ အသည်းတယားယားနဲ့ပါပဲ။ အမျိုးသားနှစ်ဦးဆိုရင် မီးတောင်ရှင်အပေါ်ကနေ ကြိုးတန်းအရှည်ကြီး လမ်းလျှောက်ပြပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်ခဲ့ပါတယ်။ ရာဖီရယ် ဇူနို ဘီရီဒီ နဲ့ အဲလက်ဇန်ဒါ စကူဇ်တို့နှစ်ဦးက အနောက်တောင်ပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း တန်နာကျွန်းရှိ Yasur မီးတောင်အထက် သွယ်တန်းထားတဲ့ ကြိုးတန်းငယ်တစ်ခုပေါ်မှာ ဟန်ချက်ညီညီနဲ့ လမ်းလျှောက်ပြသွားခဲ့တာပါ။

သူတို့နှစ်ဦးက Yasur မီးတောင်အထက် ၄၂ မီတာ (၁၃၇ ပေ) အမြင့်မှာ ကြိုးတန်းလမ်းလျှောက်ခဲ့တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။ ခေါင်းဆောင်းနဲ့ ဓာတ်ငွေ့ကာ mask တွေကို ဝတ်ဆင်ထားတဲ့ သူတို့နှစ်ဦးရဲ့ကြိုးတန်းလမ်းလျှောက်ပြတဲ့ ရင်သပ်ရှုမောဖွယ်ဗီဒီယိုကိုလည်း ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက စက်တင်ဘာ ၂၂ ရက်နေ့က မျှဝေခဲ့ပါတယ်။

အဲဒီဗီဒီယိုနဲ့အတူ “မီးတောင်ရှင်ပေါ်ကနေ အရှည်လျားဆုံးကြိုးတန်းလမ်းလျှောက်ခြင်း…၂၆၁ မီတာ (၈၅၆ ပေ)”ဆိုတဲ့ စာသားကိုလည်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းက ရေးသားခဲ့ပါတယ်။ ရာဖီရယ် ဇူနို ဘီရီဒီကလည်း သူ ဂင်းနစ်စံချိန်မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့တဲ့ ဓာတ်ပုံကိုလည်း မျှဝေခဲ့ပါတယ်။

အဲလက်ဇန်ဒါ စကူဇ်ကလည်း ရာဖီရယ်နဲ့အတူ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းတရားဝင်ရရှိခဲ့ပြီဆိုတာကို သူ ကြိုးတန်းလမ်းလျှောက်ခဲ့တဲ့ပုံတွေနဲ့ သူ့လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပါတယ်။ ရာဖီရယ်ဟာ ဘရာဇီးနိုင်ငံက ဆန်တာကာတာနီးယားပြည်နယ်အထက် လေပူဖောင်းနှစ်ခုအကြား သွယ်တန်းထားတဲ့ ၅၉ ပေ ရှည်တဲ့ ကြိုးတန်းပေါ် လမ်းလျှောက်ပြပြီးတဲ့နောက်မှာလည်း ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိထားပါတယ်။

ကြိုးတန်းလမ်းလျှောက်တဲ့ဗီဒီယိုကို ကြည့်ရှုရန်

Ref: Two Men Create World Record For Longest Slackline Walk Over Active Volcano, Video Goes Viral

NZ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top