Mask ဝတ်တာက ခေါင်းကိုက်စေနိုင်သလား

14-10-2021yyl02.jpg

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတာက ကိုဗစ်ရောဂါကူးစက်တာကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာတောင် Mask ဝတ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးများတဲ့နေရာတွေမသွားတာတွေကိုတော့ လိုက်နာသင့်ပါတယ်။ Mask က အပြင်သွားတိုင်း မဖြစ်မနေ ဝတ်ဆင်ရမှာပါပဲ။ Mask က ရောဂါကူးစက်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ အခုဆိုရင် လူတွေတော်တော်များများကြားမှာ Mask ကို အချိန်အကြာကြီး ဝတ်ဆင်ထားမယ်ဆိုရင် ခေါင်းကိုက်တာတွေဖြစ်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေမြင့်တက်နေပါတယ်။ လူတော်တော်များများက Mask ကို အချိန်အကြာကြီး ဝတ်ပြီးရင် ခေါင်းကိုက်တယ်၊ နေလို့ထိုင်လို့မကောင်းဘူး။ ရေဓာတ်ကုန်ခန်းတယ်လို့ ညည်းညူလာကြပါတယ်။

Mask ဝတ်တာက အအေးမိ၊ ချောင်းဆိုးတဲ့၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်တဲ့၊ အရေပြားယားယံတာတွေဖြစ်တဲ့လူတွေအတွက် ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ အစိုးရရဲ့လမ်းညွှန်ချက်အတိုင်း လူတွေက မိမိနဲ့ အခြားသူတွေဘေးကင်းဖို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် Mask ကို ဝတ်ဆင်ရပါမယ်။ Mask ကို အကြာကြီးဝတ်တာက ခေါင်းကိုက်ခြင်းကို ဘာလို့ဖြစ်စေတာလဲဆိုရင် Mask ကို တင်းတင်းကျပ်ကျပ်အကြာကြီး ဝတ်တာက မေးရိုးနဲ့ ဉီးခေါင်းခွံတစ်ခုလုံးကို ဆယ်သွယ်ပေးထားတဲ့ Temporomandibular Joint ဆိုတဲ့ အဆစ်မှာ နာကျင်မှုဖြစ်သွားစေလို့ပါပဲ။ Mask က မေးရိုးလှုပ်ရှားလို့ရအောင်လုပ်ဆောင်ပေးတဲ့ ကြွက်သားတွေ၊ တစ်သျူးတွေကို မသက်မသာဖြစ်စေနိုင်ပါတယ်။ မေးရိုးကို သက်ရောက်တဲ့ နဗ်ကြောတွေက ခေါင်းကိုက်သလိုခံစားရစေနိုင်တဲ့ နာကျင်မှုကို ဖြစ်သွားစေနိုင်ပါတယ်။

Mask နဲ့ဆက်စပ်တဲ့ ခေါင်းကိုက်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

  • သင့်နားမှာ Maskရဲ့ကြိုးကို တင်းတင်းကျပ်ကျပ်တပ်ထားတာကနေ ရှောင်ပါ။ သင့်နားမှာ ချိတ်ထားတဲ့ Mask ကြိုး တင်းလွန်းတာက နားရဲ့အနီးနားက နဗ်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
  • ခန္တာကိုယ်အနေအထားဂရုစိုက်ပါ။ Temporomandibular Joint ဆိုတဲ့ အဆစ်မှာ နာကျင်မှုက ခန္ဓာကိုယ်အနေအထားမမှန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အနေအထားမမှန်တာက ကြွက်သားတင်းမာမှုကို ပိုဖြစ်စေပါတယ်။
  • လည်ပင်းအကြောလျော့တာကိုလည်း ဖြည်းညင်းစွာလုပ်ပေးပါ

Ref: Is wearing a mask causing you a headache? Here’s why

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top