အကြပ်အတည်းကာလမှာ ကလေးငယ်တွေရော ပင်ပန်းနွမ်းနယ်၊ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့နိုင်လား

Kids-SAD-medium.jpg

Sad little child, boy, hugging his mother at home, isolated image, copy space. Family concept

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့အတွက် အခုလိုအခက်အခဲ အကြပ်အတည်းကာလမှာ လူကြီးတွေတင်သာမက ကလေးတွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေကို ကြုံတွေ့၊ ခံစားရတတ်ပါတယ်။ လူကြီးတွေအနေနဲ့ သူတို့ကြုံတွေနေရတဲ့ အခက်အခဲ၊ စိုးရိမ်ပူပန်မှု စတဲ့အကြောင်းအရာတွေကို စကားလုံးတိတိကျကျနဲ့ ဖော်ပြနိုင်ပေမယ့် ကလေးတွေကတော့ သူတို့စိတ်ထဲက ပင်ပန်းနွမ်းနယ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လူကြီးတွေလို စကားလုံး တိတိကျကျနဲ့ ဖွင့်ဟ မပြောပြတတ်ကြပါဘူး။

ဘယ်လိုလက္ခဏာတွေပြတတ်လဲ

  • အအိပ်အစား မမှန်ဘူး။
  • အရမ်းငယ်သေးတဲ့အရွယ်က အကျင့်တွေ ပြန်ပေါ်လာတတ်တယ်။(ဥပမာ- အိမ်ရာထဲမှာ ဆီးသွားတာ)
  • ကလေးငယ်တွေ ငိုတာ။ ဒေါသထွက်တာ။ တစ်ယောက်ထဲမနေရဲတာ။
  • စိတ်ပူတာ။ ဝမ်းနည်းတာ။
  • စိတ်ဆိုးဒေါသထွက်တာနဲ့ အန္တရာယ်ရှိတဲ့ အပြုအမူ ပြုလုပ်တာ။
  • နေ့တိုင်းလုပ်နေကျ အလုပ်တွေ သိပ်မလုပ်တော့တာ (သို့မဟုတ်) လုံးဝမလုပ်တော့တာ။
  • အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတတ်လာတယ်။
  • အကြောင်းမရှိဘဲ ခေါင်းကိုက်တာ။ ဗိုက်အောင့်တာ။ ကိုယ်လက်၊ ကိုက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဂရုစိုက်သင့်တာလဲ

  • အခုလိုကာလမှာ ကလေးတွေကို ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
  • ကြုံတွေရတဲ့ အခြေအနေပေါ်မူတည်ပြီး ကလေးတစ်ဦးချင်းစီရဲ့ တုံံံ့ပြန်မှုတွေက ကွဲပြားနိုင်ပါတယ်။
  • တချို့ကလေးတွေက လူဦးတွေကို ပိုပြီးတွယ်ကပ်လာမယ်။
  • တချို့က တစ်ယောက်ထဲ ခွဲထွက်နေလာကြမယ်။ (သို့မဟုတ်) သီးသန့်နေလာမယ်။
  • တချို့က ရန်လိုမယ်။
  • တချို့က ငိုမယ်။

ဘယ်လိုအကူအညီပေးနိုင်မလဲ

  • ကလေးတွေပြောပြတာကို အာရုံစူးစိုက်ပြီး အလေးအနက်ထား နားထောင်ပေးပါ။ သူတို့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာအောင် ကူညီပေးပါ။ ကိုယ်ရဲ့ နားလည်မှုနဲ့ ပံ့ပိုးမှုကို ပြသပါ။
  • ကလေးတွေကို ဘေးကင်းလုံခြုံရာနေရာတွေမှာ ထားပါ။ အခုလိုကာလတွေမှာ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ကြောက်စိတ်နဲ့ စိတ်ပူတာတွေက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ သူတစ်ယောက်ထဲကွက်ပြီး အခုလိုခံစားနေရတာ မဟုတ်ပါဘူး။ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း ဒီလိုခံစားရနိုင်တယ်ဆိုတာကို ပြောပြပါ။ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေဖြစ်လာအောင် ကလေးတွေကို ကူညီပေးပါ။
  • ကလေးတွေအပေါ် စိတ်ချယုံကြည်ကြောင်းပြသပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် ပြုလုပ်ပေးပါ။ ကလေးတွေအနေနဲ့ ဖြစ်လာတဲ့အခြေအနေအပေါ်မူတည်ပြီး လိုက်လျောညီထွေ နေနိုင်ပြီး ကျော်လွှားနိုင်စွမ်းတွေရှိတယ်ဆိုတာကို ယုံကြည်ပေးပါ။ သူတို့နဲ့အတူ အခက်အခဲကာလတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲဆိုတာကို ဆွေးနွေးပါ။

Source- Save the Children
Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top