လာမယ့်လမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတစ်ဝက်ကျော်သာ ရပ်တည်နိုင်တော့မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ပြော

135817281_3525847060845535_6234593309051729537_n.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၄)

လာမယ့်လမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတစ်ဝက်ကျော်သာ ဆက်လက်ရပ်တည်နိုင်တော့မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူထားတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက (၅၂) ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေသာ လာမယ့်လမှာ ဆက်လက်ရပ်တည်နိုင်တော့မှာဖြစ်တယ်လို့ ဖြေဆိုသူတွေက ပြောကြားထားပါတယ်။

စစ်တမ်းမှာပါဝင်တဲ့ လုပ်ငန်းတွေရဲ့ (၄၄) ရာခိုင်နှုန်းဟာ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းမှာ ယာယီ ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က “အလုပ်အကိုင်တွေ၊ ဝင်ငွေတွေ ဆုံးရှုံးသလို ကျန်းမာရေးနဲ့ အစားအစာ ဖူလုံမှု၊ မရှိတာ၊ ဘေးအန္တရာယ်တွေ စုပေါင်းပြီး အရင်နှစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အင်အားအနည်းဆုံး ပြည်သူတွေဟာ လူနေမှုဘ၀ သက်သာချောင်ချိရေးအတွက် အခက်တွေများစွာ ရင်ဆိုင်နေရတယ်” လို့ ၂၀၂၁ ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေး အစီရင်ခံစာထုတ်ပြန်ချက်မှာ သူက ပြောဆိုထားပါသေးတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေထဲက (၉၃) ရာခိုင်နှုန်းဟာ ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် ဆိုးရွားစွာ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရတာဖြစ်တယ်လို့ ဖြေဆိုသူတွေက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေက ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၂၀၂၁ ဖေဖေါ်ဝါရီလနောက်ပိုင်း လုပ်ငန်းတွေဟာ ပိုမို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တာဖြစ်တယ်လို့ စစ်တမ်းတွင်ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ (၇၆) ရာခိုင်နှုန်းက အခုလိုဖြေဆိုကြပါတယ်။

Photo- World Bank
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top