လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကနေ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ပျံသန်းနေတဲ့ United Airlines ရဲ့ ခရီးသည်တင် လေယာဉ်တစ်စင်းကို နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။
မတ်လ ၂၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီအချိန်မှာ လော့စ်အိန်ဂျလိစ်လေဆိပ်ကနေ ထွက်ခွာခဲ့တဲ့ လေကြောင်းအမှတ် UA 198 လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့ထံ ဦးတည်ပျံသန်းနေရင်း ပျံသန်းချိန် ၂ နာရီအကြာမှာတော့ လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ဆန်ဖရန်စစ္စကိုလေဆိပ်ကို ဆင်းသက်ခဲ့ရတာပါ။
” လေယာဉ်မှူးအသစ်တစ်ဦး လဲလှယ်ပြီး ခရီးသည်တွေကို လိုရာခရီး ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသည်တွေကို အစားအစာကူပွန်တွေ စီစဉ်ပေးပြီး နစ်နာကြေးလည်း ပေးခဲ့ပါတယ်” လို့ United Airlines က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလေကြောင်းခရီးစဉ်ဟာ ည ၉ နာရီမှာ ပြန်လည်ထွက်ခွာခဲ့ပြီး သတ်မှတ်ချိန်ထက် ၆ နာရီနောက်ကျကာ ရှန်ဟိုင်းမြို့ကို ဆင်းသက်နိုင်ခဲ့ပါတယ်။
Ref: ‘It’s quite embarrassing’: China-bound United flight turns around after pilot forgets passport
NZ ( ရိုးရာလေး)