ကိုယ်တိုင်နာမည်ကြီးရုံသာမက ဖခင်ဖြစ်သူကလည်း နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ တွမ်ဟော်လန်

20-6-2022-yyl38.jpg

မင်းသားတွမ်ဟော်လန်ဟာ ပင့်ကူလူသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ ပိုပြီးနာမည်ရလာခဲ့ပါတယ်။ သူကိုယ်တိုင် နာမည်ကြီးရုံသာမက သူ့ရဲ့ဖခင်ကလည်း နာမည်ကြီးဟာသသရုပ်ဆောင်မင်းသား၊ စာရေးဆရာ၊ အစီအစဥ်တင်ဆက်သူပါပဲ။ ဒါပေမဲ့ လူတော်တော်များများက သူ့အဖေဟာ နာမည်ကြီးတစ်ယောက်ဆိုတာ မသိကြပါဘူး။

သူ့အဖေက ဒိုမီနစ် ဟော်လန်ပါ။ သူက မရေမတွက်နိုင်တဲ့ ရုပ်သံအစီအစဥ်တွေအပြင် BBC Radio 4 စီးရီးလေးခုမှာလည်း ပါဝင်ခဲ့ပါတယ်။ သူက ဗြိတိန်အစိုးရသတင်းစာတွေအတွက် စာတွေရေးခဲ့ပြီး ဝတ္ထု ၄ ခု ထုတ်ဝေခဲ့ဖူးပါတယ်။ ဇာတ်ညွှန်းတော်တော်များများကိုလည်း ရေးသားခဲ့ဖူးပါတယ်။ တွမ်ဟော်လန်အပါအဝင် သား ၄ ယောက်ရှိပြီး လန်ဒန်မှာ နေထိုင်ပါတယ်။ ကိုယ်ထူးကိုယ်ချွန်ခဲ့တဲ့ သား​ဖြစ်သူ တွမ်ရဲ့အောင်မြင်မှုအကြောင်း စာအုပ်တစ်အုပ်တောင် ရေးသားခဲ့ပါတယ်။ “Eclipsed” ဆိုတဲ့ အဲဒီစာအုပ်ကို Audio Book အနေနဲ့ အခုလကုန်မှာ ထုတ်ဝေမှာပါ။

“ကျောင်းပြဇာတ်မှာဆို စကားပြောအခန်းတွေ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးတဲ့ တွမ်ဟော်လန်ဆိုတဲ့ ကလေးတစ်ယောက်က ဘယ်လိုလုပ် Marvel ရဲ့ ပီတာ ပါကာကို သရုပ်ဆောင်ခဲ့ရလဲ။ ပျော်စရာတိုက်ဆိုင်မှုနဲ့ ကံအကြောင်းတရားအဖြစ်အပျက်တွေက အဖြေပါပဲ။ ဒါပေမဲ့ ဒါက အတိအကျမဟုတ်ပါဘူး။ အလုပ်အပေါ် ရည်မှန်းချက်ကြီးကြီးထားတာနဲ့ ကြိုးစားအားထုတ်မှုတွေကို လိုအပ်ပါတယ်”လို့ စာအုပ်ရဲ့အတ္ထုပ္ပတ္တိမှာ ရေးသားထားပါတယ်။

တွမ်ဟော်လန်ရဲ့ဖခင်ကလည်း နာမည်ကြီးတစ်ယောက်ဖြစ်မှန်း မသိကြဘူးဆိုတာကိုပရိသတ်တွေက တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။ “ဝါး..ဒိုမီနစ်ဟော်လန်က တွမ်ဟော်လန်ရဲ့အဖေဆိုတာ အခုမှသိတယ်။ သူတို့ တော်တော်လေးတူကြတယ်။ ကျွန်တော် သူတို့နှစ်ယောက်ကို တွဲမမြင်ခဲ့ဖူးဘူး”လို့ တစ်ယောက်က ရေးသားခဲ့ပါတယ်။ အခြားတစ်ယောက်က “နေဦး…တွမ်ဟော်လန်ရဲ့အဖေက ဟာသသရုပ်ဆောင် ဒိုမီနစ်ဟော်လန်လား”လို့ ဆိုခဲ့ပါတယ်။

တွမ်ဟော်လန်ဟာ သူ့ချစ်သူ မင်းသမီး ဇန်ဒါယာ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အတွက် အဖေဖြစ်တော့မယ်ဆိုတဲ့ ကောလဟာသသတင်းတွေလည်း ပြီးခဲ့တဲ့အပတ်က ထွက်ရှိခဲ့ပါသေးတယ်။ ဒီသတင်းမဟုတ်မှန်ကြောင်းကို ဇန်ဒါယာက ငြင်းဆိုခဲ့ပါတယ်။

Ref: Ladbible “Tom Holland Has A Famous Dad That Many People Don’t Know About”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top