ကင်မရာပိုင်းနှင့် ဒီဇိုင်းပိုင်းတို့တွင် ဝတ်မှုံရွှေရည်အကြိုက်ဆုံးဖြစ်နေသည့် realme 11 Pro Series စမတ်ဖုန်းသစ်များကို စျေးကွက်တွင် ဝယ်ယူနိုင်ပြီ

12.9.23-yyl-14.jpg

realme ၏ Number Series များ သမိုင်းတစ်လျှောက် ကြီးမားသည့်ပြောင်းလဲဆန်းသစ်မှုများပြုလုပ်ပေးထား သော 11 Pro Series ထုတ်ကုန်များကို စျေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး 200MP (in-sensor 4xLossless SuperZoom)၊ ၂၆ မိနစ်ဝန်းကျင်ဖြင့်အားအပြည့်သွင်းပေးနိုင်မည့် 100W SUPERVOOC အားသွင်းစနစ်၊ 12+512 (GB RAM/ROM)နှင့် အီတလီနိုင်ငံ Milan မြို့ကို အခြေခံကာ Vegan Leather ဖြင့် လှပသေသပ်စွာ ဒီဇိုင်းဖန်တီး ပေးထားသည့် အမြင့်ဆုံး Model ဖြစ်သော realme 11 Pro+ ကို စျေးနှုန်း ၁,၇၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ realme 11 Pro+ ကို နေထွက်လာသည့်ရွှေအစင်းအရောင်ကို အခြေခံထားသော Sunrise Beige နှင့် တစ်မူထူးခြားသော Oasis Green အစိမ်းရောင်တို့ကိုရွေးချယ်နိုင်မည်ဖြစ်သည်။

realme 11 Pro Version တွင် 120Hz Curved Display နှင့်အတူ 100MP Camera စနစ်၊ 67W SUPERVOOC စနစ်၊ လှပသေသပ်သည့် Vegan Leather ဒီဇိုင်း၊ 8+256 (GB RAM/ROM) တို့ပါဝင်မည်ဖြစ်ကာ စျေးနှုန်းအား ဖြင့် ၁,၄၉၉,၉၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ realme 11 Pro အတွက် Sunrise Beige နှင့် Astral Black ၂ရောင်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် realme 11 Pro Series ဝယ်ယူသူအားလုံး အတွက် RGB ရောင်စုံစနစ်ပါဝင်သော Bluetooth Speaker နှင့် MPT အထူး Package တို့ကို ရရှိခံစားနိုင်မည် ဖြစ်သည်။

realme အနေဖြင့် မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် ထူးခြားဆန်းသစ်သည့် ထုတ်ကုန်များကို စဥ်ဆက်မပြတ်မိတ်ဆက်ရောင်းချပေးလျက်ရှိရာ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံသစ်ကိုပေးစွမ်းနိုင်စေမည့် realme 11 Pro Series ထုတ်ကုန်များကို မိတ်ဆက်ရောင်းချပေးလိုက်ခြင်းဖြစ်သည်။ realme 11 Pro Series ထုတ်ကုန် များတွင် တူညီသည့် 120Hz Curved Display ကွေးညွတ်မျက်နှာပြင်၊ အဆန်းသစ်ဆုံး Vegan Leather ဒီဇိုင်း၊ 5G စနစ်ထောက်ပံ့ပေးထားသည့် Dimensity 7050 Chipset တို့ကို အသုံးပြုပေးထားပြီး ထုတ်ကုန် Model အလိုက် ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကောင်းများကိုပါ ပေးစွမ်းစေနိုင်မည်ဖြစ်သည်။ ထို့အပြင် Lonely Planet ဖြင့် လက်တွဲလုပ်ဆောင်ထားခြင်းကြောင်း Street Photography များတွင် မတူညီသည့် Filter များကို ပါ စမ်းသပ်အသုံးချရိုက်ကူးနိုင်ဦးမည်ဖြစ်သည်။ realme 11 Pro+ တွင် ပါဝင်သည့် 200MP (in-sensor 4xLossless SuperZoom) စနစ်မှာ မိမိရိုက်ကူးလို့သည့်မြင်ကွင်းကို အနီးကပ် ၄ဆချဲ့ယူကာ ရုပ်ထွက်အရည်အ သွေးကျဆင်းသွားခြင်းမရှိဘဲ ရိုက်ကူးနိုင်စေမည်ဖြစ်သည်။ ယခုကဲ့သို့ 4xLossless SuperZoom စနစ်ကြောင့် အမျိုးမျိုးသောဓာတ်ပုံရိုက်ကူးမှုအခြေအနေများတွင် ပုံမှန် Landscape ပုံများသာမက အလှပုံ Portrait ပုံများကိုပါ Background မြင်ကွင်းနှင့်ပိုမိုလိုက်ဖက်ညီစွာရိုက်ကူးနိုင်စေသလို ပိုမိုလွတ်လပ်သည့် Composition များကိုလည်း မိမိစိတ်ရှိတိုင်း ဖန်တီးရိုက်ကူးနိုင်စေမည်ဖြစ်သည်။

realme 11 Pro Series အတွက် Andorid 13 version တွင် အခြေခံထားသော realme UI 4.0 ကို ထိတွေ့သုံးစွဲ ရမည်ဖြစ်ကာ Security ပိုင်းအတွက် Under-display Fingerprint နှင့် Audio ပိုင်းအတွက် Dual-Speaker စနစ်တို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top