နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့

8.9.23-yyl-8.jpg

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တွေမှာ စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့ပါတယ်။ စက်တင်ဘာလ ၇ ရက် ညပိုင်းက စတင်ရွာသွန်းခဲ့တဲ့ မိုးဟာ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ပါတယ်။

ကြာသပတေးနေ့ည ၁၁ နာရီကနေ သန်းခေါင်ယံအချိန်အထိ မိုးရေချိန် ၆.၂ လက်မ ရွာသွန်းခဲ့ပြီး မိုးရေချိန်မှတ်တမ်း စတင်ကောက်ယူခဲ့တဲ့ ၁၈၈၄ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပါတယ်။ ဟောင်ကောင်မြို့မှ လမ်းတွေ၊ မြေအောက်ဘူတာရုံတွေမှာ ရေဖုံးလွှမ်းခဲ့ပြီး စာသင်ကျောင်းတွေ၊ အလုပ်တွေကိုလည်း ပိတ်ထားရပါတယ်။

ရာသီဥတု ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံတင်ပို့ပေးခဲ့ရသူ အနည်းဆုံး ၈၃ ဦး ရှိတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ဆိုပါတယ်။ ရေကြီးရေလျှံမှုကြောင့် မြေပြိုပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

ဟောင်ကောင်မြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာလည်း ၁၉၅၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးမိုးရွာသွန်းမှု ကြုံတွေ့ခဲ့ပါတယ်။ ကွမ်တုံပြည်နယ်မှာတော့ လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။

Ref: Hong Kong and southern China battles widespread flooding from record rains

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top