တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက်ကို ပံ့ပိုးကူညီမယ်

5-8-2020-yyl-038.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Posco International နဲ့ တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို ပံ့ပိုးပေးသွားမယ်လို့ Posco International ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတစ်ဆင့် စားနပ်ရိက္ခာစီမံကိန်းတွေရဲ့ တန်ဖိုးကွင်းဆက်(value chain) ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Posco International ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ်ငန်းမှာ တန်ဖိုးကွင်းဆက် တိုးမြှင့်စေဖို့အတွက် တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး အမျိုးအစားစုံလင်မှု၊ ထွန်ယက်စိုက်ပျိုးမှု၊ ရိပ်သိမ်း၊ သိုလှောင်မှုလုပ်ငန်းစဉ်နဲ့ ဖြန့်ဖြူးရေး ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ပေးသွားမှာပါ။

Posco International ကုမ္ပဏီရဲ့ ဆိုးလ်မြို့ရုံးခန်းမှာ ကျင်းပခဲ့တဲ့ နားလည်မှု စာချွန်လွှာရေးထိုးခဲ့တဲ့ အခမ်းအနားမှာ ကုမ္ပဏီအမှုဆောင်ချုပ် ဂျိုဆီဘိုနဲ့ တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအဖွဲ့ရဲ့ ဦးစီးမှူး ကင်ကျောင်းကျူတို့ တက်ရောက်ခဲ့ပါတယ်။ သဘောတူညီမှုအရ RDA က အရည်အသွေးမြင့် စပါးစိုက်ပျိုးရေးနည်းပညာနဲ့ ဝတ်စုံတွေ ထောက်ပံ့ပေးဖို့ စီစဉ်ထားပြီး Posco International ကုမ္ပဏီကတော့ မြန်မာနိုင်ငံကထွက်တဲ့ ဆန်စပါးတွေကို ရိပ်သိမ်း၊ သိုလှောင်မှုလုပ်ငန်းစဉ်နဲ့ ဖြန့်ဖြူးရေးကို တာဝန်ယူပေးမှာပါ။

ဒါ့အပြင် မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို ထွန်ယက်စိုက်ပျိုးမှုနည်းလမ်းတွေနဲ့ ရိပ်သိမ်းပြီးနောက်ပိုင်း စီမံခန့်ခွဲရမယ့် နည်းပညာတွေ သင်ကြားပြသပေးနိုင်အောင် ပံ့ပိုးပေးဖို့ သဘောတူညီခဲ့ပါတယ်။ Posco International ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ တစ်နှစ် ဆန်တန်ချိန် ၁၅၀၀၀ အထိ ထုတ်လုပ်နိုင်မယ့် ဆန်စက်တည်ထောင်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း တန်ချိန် ၈၆၀၀၀ ထုတ်လုပ်နိုင်မယ့် ဆန်စက်ကို အပြီးသတ်တည်ဆောက်ခဲ့ပါတယ်။

Ref: Koreaherald ” Posco International, RDA to support Myanmar‘s farming market “

Photo Credit- AFP & Economist

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top