အလှမယ်ဖြစ်ခဲ့စဉ်က မင်းသမီးကြီး မီချဲလ်ယို

16.3.2023-yyl-iamge-9.jpg

အော်စကာဆုပူပူနွေးနွေးရထားတဲ့ အသက် ၆၀ အရွယ် မလေးရှားဖွားမင်းသမီးကြီး မီချဲလ်ယိုဟာ မလေးရှားကိုယ်စားပြုအလှမယ်အဖြစ် Miss World ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ၁၉၈၃ ခုနှစ်၊ သူ့အသက် ၂၁ အရွယ်မှာ အင်္ဂလန်မှာ ပညာသင်ယူနေတဲ့ မီချဲလ်ယိုဟာ မလေးရှားမှာရှိတဲ့ သူ့မိသားစုဆီ အလည်ပြန်လာတဲ့အချိန်မှာ မိခင်ဖြစ်သူ ဂျနက်က Miss World Malaysia ပြိုင်ပွဲမှာ ပါဝင်ခိုင်းခဲ့တာပါ။ သူ့အမေ ပွစိပွစိပြောနေမှာမလိုလားတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။

မီချဲလ်ယိုက Miss Malaysia World အလှမယ်ဖြစ်သွားပြီး လန်ဒန်မှာ ပြုလုပ်တဲ့ Miss World 1983 ပြိုင်ပွဲကို မလေးရှားကိုယ်စားပြု ယှဉ်ပြိုင်တော့ Top 20 ထဲ ဝင်ခဲ့ပြီး နံပါတ် ၁၈ နေရာရခဲ့ပါတယ်။ မတ်လ ၁၃ ရက်နေ့က လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်ကလည်း အလှမယ်ပြိုင်ပွဲက မီချဲလ်ယိုရဲ့ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ ဂျွန်နသန်ဆိုသူဖြစ်ပြီး သူ့အမေက မီချဲလ်ယိုနဲ့အတူ Miss Wolrd အလှမယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့တာပါ။ “ကျွန်တော် ဒီဓာတ်ပုံတွေကို အိမ်မှာ မြင်ဖူးခဲ့တာ အကြိမ်ရေ ထောင်ချီနေပြီ။ ဒါပေမဲ့ ဒီဓာတ်ပုံတွေထဲက သူဟာ ဘယ်သူလဲဆိုတာ မသိလိုက်ဘူး။ ကျွန်တော့်အမေက မီချဲလ်ယို အော်စကာဆုရတဲ့အတွက် ဂုဏ်ပြုဖို့ ဒီဓာတ်ပုံတွေကို တင်တဲ့အချိန်မှ ကျွန်တော် သိသွားခဲ့တယ်”လို့ ဂျွန်နသန်က ရေးသားခဲ့ပါတယ်။

ဓာတ်ပုံတွေက အဖြူအမည်းဖြစ်နေပေမဲ့ မင်းသမီးကြီးမီချဲလ်ယိုဆိုတာ ထင်ရှားပေါ်လွင်နေပါတယ်။ မီချဲလ်ယို အလှမယ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဩစတြေးလျမီဒီယာကလည်း မဲလ်ဘုန်းမြို့ မှာ ပြုလုပ်ခဲ့တဲ့ Miss Moomba International အလှမယ်ပြိုင်ပွဲမှာ မီချဲလ်ယို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပုံကိုလည်း ချပြခဲ့ပါတယ်။ ဒီပြိုင်ပွဲကတော့ ၁၉၈၄ ခုနှစ်ကပါ။ အဲဒီပြိုင်ပွဲမှာလည်း မီချဲလ်ယိုက အနိုင်ရပြီး Miss Moomba International 1984 အလှမယ်ဖြစ်ခဲ့ပါတယ်။

Ref: These Photos Of Michelle Yeoh At The 1983 Miss Malaysia World Pageant Show Why She’s A Winner

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top