ခွေးဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့တဲ့ ဂျပန်နိုင်ငံသား

31.7.23-yyl-9.jpg

ဒီပုံကို ကြည့်လိုက်ရင် ခွေးတစ်ကောင်လို့ပဲ ထင်ကြမှာပါ။ တကယ်တော့ ဒါဟာ ခွေးဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတစ်ယောက်က ခွေးဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာပါ။

ဒီခွေးဝတ်စုံကို ချုပ်ဖို့ အမေရိကန်ဒေါ်လာ ၁၄၀၀၀ အကုန်အကျခံခဲ့တာ ဖြစ်ပါတယ်။ သူက ခွေးဝတ်စုံထဲ ဝင်ပြီး လူမြင်ကွင်းမှာ လမ်းလျှောက်ခဲ့တာဖြစ်ပြီး YouTube ပေါ် တင်ထားတဲ့ ဒီဗီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၃.၅ သန်း ကျော် ရှိခဲ့ပါတယ်။ တိုကို ဝတ်ဆင်တဲ့ ဒီဝတ်စုံကို Zeppet ကုမ္ပဏီက ရက် ၄၀ အချိန်ယူ ချုပ်လုပ်ပေးခဲ့တာပါ။

ဗီဒီယိုကြည့်ရှုရန်

Ref: Man who spent $14K to transform himself into collie steps out for first-ever walk in public
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top