(၇) လအတွင်း တောင်တက်ခြင်း ခရီးစဉ်ကို မယုံနိုင်လောက်တဲ့စံချိန်နဲ့ စွမ်းဆောင်ပြနိုင်ခဲ့တဲ့ တောင်တက်သမား

yyl-30-001.jpg

တောင်တစ်တောင်ကို တက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တောင်တက်ခြင်းက သက်စွန့်ဆံဖျား တက်ရတာဖြစ်ပြီး သေကြေတဲ့သူတွေလည်း များပါတယ်။    ဒီအမျိုးသားကတော့     မယုံနိုင်လောက်အောင်   စံချိန်ချိုးပြီး တောင်တွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ နီပေါနိုင်ငံက နောမယ် ပေါဂျာ (Nirmal Purja) ဆိုတဲ့အမျိုးသားက (၇) လအတွင်း အမြင့်ဆုံးတောင် (၁၄) ခုကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုလို သူဟာ တောင်တစ်ခုချင်းစီကို အောင်အောင်မြင်မြင်နဲ့ တက်ပြနိုင်ခဲ့တာကြောင့် အရမ်းကိုချီးကျူးစရာကောင်းတဲ့ အမျိုးသားပါပဲ။ သူ တက်ခဲ့တဲ့ အမြင့်ဆုံးတောင်တွေနဲ့ တက်ခဲ့တဲ့လတွေကို သတင်းဌာနက စာရင်းထုတ်ပြန်ခဲ့ပါတယ်။

သူက Annapurna (ဧပြီ ၂၃)၊ Dhaulagiri (မေ ၁၂)၊ Kanchenjunga (မေ ၁၆)၊ Everest နဲ့ Lhotse (မေလ ၂၃)၊ Makalu (မေ၂၅) ဆိုတဲ့ တောင် (၆) ခုကို (၃၁) ရက်အတွင်း တက်နိုင်ခဲ့တဲ့အတွက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Nanga Parbat (ဇူလိုင် ၆)၊ Gasherbrum I (ဇူလိုင် ၁၅)၊ Gasherbrum II (ဖူလိုင်၁၈)၊ K2 (ဇူလိုင် ၂၄)၊ Broad Peak (ဇူလိုင် ၂၆) တို့ကို ဆက်ပြီးတက်ခဲ့ပါတယ်။ ဆောင်းဦးရာသီမှာ Cho Oyu (စက်တင်ဘာ ၂၃) နဲ့ Cho Oyu (စက်တင်ဘာ ၂၇) တို့တက်ဖို့အတွက် ပြန်လာခဲ့ပါတယ်။

Shishpagma (အောက်တိုဘာ ၂၉) ဆိုတဲ့တောင်ကို သူနောက်ဆုံးတက်ခဲ့တာ ဖြစ်ပါတယ်။ တောင်တက်ခြင်းမှာ အမြင့်ဆုံးမှတ်တမ်းကို (၇) နှစ်နဲ့ ငါးလကိုင်ဆောင်ထားတဲ့ ကင်ချန်ဟိုရဲ့စံချိန်ကို နောမယ် ပေါဂျာက အနိုင်ယူပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက တောင်တက်စဉ်က အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဗီဇာကျဖို့စောင့်ရတာနဲ့ သောင်တင်နေတဲ့ တောင်တက်သမားတွေကို ကူညီရတာတွေကြောင့် တောင်တက်ရမှာ သူ့ကိုနှောင့်နှေးစေခဲ့ပါတယ်။ နီပေါဒေသစံတော်ချိန် (၈နာရီ ၅၈ မိနစ်) မှာ သူနဲ့သူ့အဖွဲ့သားတွေရဲ့ တောင်တက်ခြင်းခရီးစဉ်က ပြီးမြောက်သွားခဲ့ပါပြီ။

Ref: Mothership “Former Gurkha does the impossible, climbs 14 highest mountains in 7 months”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top