ဥက္ကလာဟိုးမားပြည်နယ်မှာ အရွယ်အစားကြီးလွန်းတဲ့ ငါးခူကြီးဖမ်းမိ

yyl-30-012.jpg

ဥက္ကလာဟိုးမားပြည်နယ်မှာ နေထိုင်တဲ့ ဂျော့ဝါရှင်တန်ဆိုတဲ့ ငါးဖမ်းသမားက သူခါတိုင်းဖမ်းမိတဲ့ အရွယ်အစားတွေထက် အရမ်းကြီးတဲ့ ငါးခူအမျိုးအစားငါးကြီးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ သူက ညဘက် အပြင်ထွက်ပြီး East Cache Creek အမည်ရတဲ့မြစ်မှာငါးဖမ်းစဉ် အလေးချိန် ပေါင် (၆၀) ရှိတဲ့ ငါးကို ဖမ်းမိခဲ့တာပါ။ သူက ရေထဲကို ငါးစာပစ်ချပြီးတဲ့နောက်မှာ ငါးမြှားတံက တစ်ခုခုထူးခြားလာတာကို ခံစားမိခဲ့ပါတယ်။ အဲဒါနဲ့ သူက ငါးလှုပ်ရှားမလာခင်မှာ ဆွဲတင်ဖို့ကြိုးစားခဲ့ပါတယ်။ မိနစ် (၂၀) လောက် ဆွဲတင်ပြီးတဲ့နောက်မှာ သူ့ရဲ့လက်မောင်းက အလေးမနေသလို ခံစားခဲ့ရတယ်။ လေးလံစွာနဲ့ကို ဆွဲတင်ခဲ့ရတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ပင်ပင်ပန်းပန်းနဲ့ကို အဲဒီငါးကို ဆွဲတင်လို့ရခဲ့ပါတော့တယ်။

အရွယ်အစား (၄) ပေ (၁) လက်မ၊ အလေးချိန် ပေါင် (၆၀) ရှိတဲ့ အဲဒီငါးက သူဖမ်းခဲ့ဖူးတဲ့ငါးတွေထဲမှာ အကြီးဆုံးပါပဲ။ ငါးခူအမျိုးအစား ငါးတွေက အရွယ်အစား (၃) ပေ ကနေ (၄) ပေထိရှိနိုင်သလို အလေးချိန်က ပေါင် (၁၀၀) ကျော်အထိလည်း ဖြစ်နိုင်ပါတယ်လို့ Texas Park and Wildlife က ဆိုထားပါတယ်။ ဝါရှင်တန်က အဲဒီငါးကို ဖမ်းမိပြီးတဲ့နောက်မှာ သန့်ရှင်းဆေးကြောခဲ့ပြီး နောက်ကျချက်စားဖို့ ငါးဂါလံပုံးထဲကိုထည့်ပြီး အေးခဲထားခဲ့ပါတယ်။ အဲဒီငါးကြီးက မိသားစု (၅ -၆) ယောက်လောက်ကို ကျွေးလို့ရတယ်လို့ဆိုပါတယ်။ ဝါရှင်တန်က အမြဲလိုလို တစ်ပတ်ကို (၄) ကြိမ် (သို့) (၅) ကြိမ်လောက် ငါးဖမ်းလေ့ရှိပါတယ်။

Ref: ABCNews “Fisherman named George Washington reels in 60-pound catfish”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top